DVB Logo
Home
နိုင်ငံတကာ
နီပေါရေဘေးကြောင့် ဥမင်ထဲ ၉ ရက်ကြာ ပိတ်မိခဲ့သည့် အလုပ်သမား ၂ ဦးကို ကယ်တင်
DVB
·
September 4, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ရုတ်တရက် ရေကြီး မြေပြိုမှုတွေ ဖြစ်ခဲ့တဲ့ နီပေါနိုင်ငံမှာ ဥမင်ထဲ ၉ ရက်ကြာ ပိတ်မိနေတဲ့ အလုပ်သမား ၂ ယောက်ကို အသက်ရှင်ရက်  ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၄ ရက် ဒီမနက် အစောပိုင်းက ဥမင်ထဲက အသံကြားတာကြောင့် ကယ်ဆယ်ရေး သမားတွေက နီပေါအလုပ်သမား ဆန်ဂျာယာရှာနဲ့ ကေဘီမာဟာဂျန်တို့ကို ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နီပေါဆက်သွယ်ရေးဝန်ကြီးက“လူတွေ ပိုပြီး ကယ်တင်နိုင်ဖို့ ကျနော်တို့ စောင့်နေပါတယ်။ နေ့ရော ညပါ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ပိတ်မိနေသူ ၂ ယောက်ကို ခက်ခက်ခဲခဲ ကယ်တင် ပေးခဲ့တာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

နီပေါမှာ ရေအားလျှပ်စစ်စီမံကိန်းလုပ်နေတဲ့ ဥမင်လိုဏ်ခေါင်း ၆ ခုရှိပြီး အလုပ်သမား ၉၀၀ ကျော် ပိတ်မိနေတယ်လို့ ခန့်မှန်းရပါတယ်။

ထရီရူလီမြစ်တလျှောက် ရေအားလျှပ်စစ်စီမံကိန်းတွေ တည်ရှိတာဖြစ်ပြီး ပိတ်မိနေသူတွေကို ထပ်မံ ကယ်တင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း နီပေါဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ နီပေါရေဘေးကြောင့် လူ ၁,၂၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၅,၀၀၀ ပျောက်ဆုံးနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

နီပေါနိုင်ငံဟာ တောင်ကြောတလျှောက်မှာရှိတဲ့ မြစ်တွေကို အမှီပြုပြီး  ရေအားလျှပ်စစ်စီမံကိန်းတွေ လုပ်ဆောင်နေတာပါ။

ရေကြီးမြေပြိုမှုတွေကြောင့် ဥမင်လိုဏ်ခေါင်းအပြင်မှာ အပျက်အစီးတွေဟာ ပေပေါင်း ၁၆၄ ပေ ကနေ ၁၉၆ ပေအထိ မြင့်မားကြောင်းလည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

နီပေါနဲ့ တိဘက်နယ်စပ်မှာ ရုတ်တရက် ရေကြီးမှုတွေဟာ ရေခဲတောင်တွေ ပြိုကျမှုကြောင့်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားတာလို့ ယုံကြည်ထားကြပြီး တိကျသေချာတဲ့ အဖြေရဖို့ သိပ္ပံပညာရှင်တွေက လေ့လာနေပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013