DVB Logo
Home
မြန်မာသတင်း
သီတင်းကျွတ်ပိတ်ရက်အတွက် ပုဂံရှိဟိုတယ်အခန်းများ ပြည့်လုနီးပါးဖြစ်နေ
DVB
·
September 22, 2026
Photo: Su Lay
Photo: Su Lay
Donate to DVB

လာမဲ့ သီတင်းကျွတ်ပိတ်ရက်ရှည်အတွက် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံရှိ ဟိုတယ်အခန်းတွေ ပြည့်လုနီးပါးဖြစ်နေပြီလို့ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတွေထံကနေ စုံစမ်းသိရပါတယ်။

ပုဂံဒေသရှိ ဟိုတယ်တွေအနေနဲ့ စက်တင်ဘာ ဒုတိယအပတ်ကနေစပြီး အခန်း ကြိုတင် ဘွတ်ကင်တွေကို စတင် လက်ခံနေပြီး လက်ရှိအချိန်ထိ ၇၀ ရာခိုင်နှုန်းနီးပါးပြည့်နေပြီလို့ ဆိုပါတယ်။

ပုဂံဒေသခံတယောက်က “အခန်းတွေ တော်တော်များများက ပြည့်သလောက်ဖြစ်နေပြီ။ တချို့ ဧည့်သည်တွေဆိုရင် E-bike တွေကအစ ကြိုငှားထားသူတွေလည်း ရှိတယ်။ ပိတ်ရက်ရှည်ဆိုရင် ပုဂံကို လာလည်တဲ့ ဧည့်သည်တွေက အများကြီးပဲ။ ပြည်တွင်းက အများဆုံးပဲ။ ပြည်ပကတော့ နည်း‌တယ်” လို့ ပြောပါတယ်။

ပုဂံရှိ ဟိုတယ်၊ တည်းခိုခန်းအခန်းခ ဈေးနှုန်းတွေကတော့ တည်းခိုခန်းအခန်းခမှာ တညလျှင် ကျပ် ၄၀,၀၀၀၊ ဟိုတယ်အခန်းခမှာ တညလျှင် ကျပ် ၈၀,၀၀၀ ကနေ ၁၈၀,၀၀၀ ဝန်းကျင်ရှိပြီ ရေရှည်အပန်းဖြေစခန်း (Resort) ကြီးတွေကတော့ တည ကျပ်  ၂၅၀,၀၀၀ နဲ့ အထက် ရှိပါတယ်။

ဒါပေမဲ့ ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးမြို့နယ်တဝိုက်မှာ မကြာခဏဆိုသလို ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးမှုတွေနဲ့ မီးရှို့ခံရမှုတွေ ရှိနေတာကြောင့် ခရီးသွားလာရာမှာ လုံခြုံရေးအခြေအနေကို အထူးဂရုပြုဖို့ လိုအပ်တယ်လို့ သတိပေးမှုတွေ ရှိပါတယ်။

အလားတူ ပုဂံဒေသအပြင် ပင်လယ်ကမ်းခြေခရီးစဉ်ဒေသတွေဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင်လို နေရာတွေမှာလည်း ဟိုတယ်အခန်းတွေကို ကြိုတင်ဘွတ်ကင်တင်နေကြတာ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013