DVB Logo
Home
မြန်မာသတင်း
ပုဂံတွင် ပြန်ပေးဆွဲခံရသည့် ATOM ဝန်ထမ်း ၂ ဦး မလွတ်မြောက်သေး
DVB
·
June 25, 2026
ပုဂံတွင် ပြန်ပေးဆွဲခံရသည့် ATOM ဝန်ထမ်း ၂ ဦး မလွတ်မြောက်သေး
1 / 3
Photo: တီဇာစု
Donate to DVB

ပြီးခဲ့တဲ့မေလက ATOM က ဝန်ထမ်း ၂ ယောက် ပုဂံမှာ ပြန်ပေးဆွဲခံရပြီး ၂၇ ရက်ကြာတဲ့အထိ အဆက်အသွယ်မရသေးဘူးလို့ စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။

မေ ၂၉ ရက်က ATOM က ဝန်ထမ်း ၂ ယောက်ဟာ ပုဂံမှာ ဘုရားဖူးပြီး စေတနာကြီးဘုရားအနီးမှာ အမည်မသိလူတစုက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့နီးစပ်သူတယောက်က “အခုချိန်ထိ အဆက်အသွယ်ကို မရသေးဘူး။ လိုက်တော့ စုံစမ်းနေတာပဲ မရသေးဘူး။ သူ့မိသားစုဝင်တွေကလည်း စိတ်ပူနေတာ။ ယောကျ်ားလေး ၂ ယောက်။ ATOM က အချိတ်အဆက်နဲ့ လိုက်ရှာနေတာ။ စေတနာကြီးဘုရားနားမှာ ပျောက်သွားတာ။ အဆက်အသွယ်က လုံးဝမရသေးဘူး။ စုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။

စေတနာကြီးဘုရားနားမှာ ဘုရားဖူးဧည့်သည်တွေဟာ မကြာခဏ ပြန်ပေးဆွဲခံရပြီး ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိပါတယ်။

ဒေသခံတယောက်က “စေတနာကြီးဘုရားနားမှာ မကြာခဏ လူတွေ ပျောက်တတ်တယ်။ အထူးသဖြင့် ဧည့်သည်တွေပေါ့။ အဲဒီနားမှာက လက်နက်ကိုင်အဖွဲ့တွေ ရှိတယ်။ အကြံပေးချင်တာက ပုဂံကို လာလည်မယ်ဆိုရင် အဲဒီလိုနေရာတွေကို မသွားဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။

ATOM က ပျောက်သွားတဲ့ ၂ ယောက်နဲ့ ပတ်သက်ပြီး လိုက်ရှာခဲ့ပေမဲ့ ဒီနေ့အချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကနေ အခုအချိန်ထိ ပုဂံ၊ ညောင်ဦးမှာ လူပျောက် ပြန်ပေးဆွဲမှု ဖြစ်စဉ်ပေါင်း ၅ ခုထက်မနည်း ရှိခဲ့ပါတယ်။

အဲဒီထဲမှာ ပုဂံ-ချောက် လမ်းမဘေး စေတနာကြီးဘုရားအနီးမှာ ရန်ကုန်ကနေ ဘုရားဖူးဧည့်သည် အမျိုးသားတယောက်နဲ့ ယာဉ်မောင်းတို့ကို လက်နက်ကိုင်လူတစုက ကျပ်သိန်း ၃,၀၀၀ နဲ့ ပြန်ပေးဆွဲခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁,၀၀၀ နဲ့ ညှိနှိုင်းကာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013