DVB Logo
Home
နိုင်ငံတကာ
အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာပိတ်မည့် နိုင်ငံများတွင် စပိန် ပါဝင်လာ
DVB
·
February 5, 2026
အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာပိတ်မည့် နိုင်ငံများတွင် စပိန် ပါဝင်လာ
Donate to DVB

ဥရောပနိုင်ငံတွေထဲမှာ နောက်ဆုံးအနေနဲ့ စပိန်က အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ဖို့အတွက် စီစဉ်နေပြီ ဖြစ်ပါတယ်။

ဒီပိတ်ပင်မှုအရ လွှတ်တော်အသီးသီးရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပေမဲ့လည်း လာမဲ့တပတ်အတွင်း အတည်ပြုနိုင်ဖို့အတွက် မျှော်မှန်းထားပါတယ်။

အဲဒီနောက် ဆိုရှယ်မီဒီယာကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိတွေဟာ သူတို့ပလက်ဖောင်းပေါ်က “တရားမဝင်တဲ့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ” ကို တာဝန်ယူရမဲ့အချက် အပါအဝင် အပြောင်းအလဲများစွာ ပြုလုပ်ထားတာ တွေ့ရပါတယ်။

စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ် ကတော့ ဆိုရှယ်မီဒီယာကို “စွဲလမ်းမှုတွေ၊ အလွဲသုံးစွဲမှုတွေ၊ ညစ်ညမ်းမှုတွေ၊ လွှမ်းမိုးချုပ်ကိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေ” ရှိနေတဲ့နေရာအဖြစ် ဝေဖန်လိုက်ပါတယ်။

ဒါကြောင့် “ကျနော်တို့ ကလေးတွေကို စည်းမဲ့ကမ်းမဲ့ ဒစ်ဂျစ်တယ် အန္တရာယ်ကနေ (Digital Wild West) အကာအကွယ်ပေးသွားမယ်” ဆိုပြီး ကမ္ဘာ့အစိုးရများညီလာခံမှာ ဝန်ကြီးချုပ်အနေနဲ့ ဖြည့်စွက်ပြောပါတယ်။

X လူမှုကွန်ရက်ပိုင်ရှင် အီလွန်မတ်စ်ခ် ကတော့ ဆန်းချက်ဇ်ကို “စပိန်ပြည်သူတွေအပေါ် သစ္စာဖောက်တဲ့သူ၊ ပြီးတော့ အာဏာရှင်တယောက်” ဖြစ်တယ်လို့ တံဆိပ်ကပ်ခဲ့ပါတယ်။

အလားတူ တခြား ဆိုရှယ်မီဒီယာ ကုမ္ပဏီတွေကလည်း တားမြစ်ချက်တွေဟာ မထိရောက်တဲ့အပြင် လက်တွေ့လုပ်ဖို့ပါ ခက်ခဲနိုင်ပြီး ထိခိုက်လွယ်တဲ့ ဆယ်ကျော်သက်တွေကို အထီးကျန်စေနိုင်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

တချိန်တည်းမှာ ပြင်သစ်၊ ဒိန်းမတ်နဲ့ သြစတြီးယားနိုင်ငံတွေကလည်း ဆိုရှယ်မီဒီယာသုံးစွဲခွင့်ကို အသက်ကန့်သတ်ချက် ချမှတ်ဖို့အတွက် စဉ်းစားနေတယ်လို့ ဆိုထားပါတယ်။

ဥရောပမှာတော့ ပြင်သစ်နိုင်ငံက ဦးဆောင်လျက်ရှိပြီး လာမဲ့ စက်တင်ဘာလ ကျောင်းဖွင့်ရာသီအတွင်း အသက် ၁၅ နှစ်အောက်ကလေးတွေကို ဆိုရှယ်မီဒီယာသုံးခွင့် တားမြစ်ဖို့အတွက် ရည်ရွယ်ထားပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း သြစတြေးလျဟာ ဆယ်ကျော်သက်တွေအပေါ် ဆိုရှယ်မီဒီယာပိတ်ပင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး ဘယ်လောက် အောင်မြင်မှုရမလဲ ဆိုတာကို နိုင်ငံအများအပြားက စောင့်ကြည့်နေခဲ့ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013