DVB Logo
Home
မြန်မာသတင်း

လူမှုကွန်ရက်ပေါ်  ရေးသားမှုကြောင့် ၃ လအတွင်း  ၂၇ ဦးထက်မနည်း ဖမ်းဆီးခံရ

DVB
·
November 26, 2026
Photo: MIP
Photo: MIP
Donate to DVB

လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးသားပြောဆိုမှုနဲ့ တုံ့ပြန်မှုတွေကြောင့် ဩဂုတ်လကနေ အောက်တိုဘာလအထိ ၃ လတာကာလအတွင်း  စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခံရသူ အနည်းဆုံး ၂၇ ယောက်အထိ ရှိခဲ့တယ်လို့ Myanmar Internet Project (MIP) က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လမှာ ၁၀ ယောက်၊ စက်တင်ဘာလမှာ ၄ ယောက်နဲ့ အောက်တိုဘာလမှာ ၁၃ ယောက်တို့ကို လူမှုကွန်ရက်ပေါ်က ရေးသားမှုတွေကြောင့် ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းပေါ် ပြောဆိုရေးသားမှုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ၂,၀၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်အုပ်စုဟာ ခရီးသွားပြည်သူတွေကို PSMS စနစ်သုံးပြီး မျက်လုံးစကင်ဖတ် စစ်ဆေးဖမ်းဆီးတာတွေ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်တွေကို ကန့်သတ်ထိန်းချုပ်တာတွေအပြင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာနဲ့ နိုင်ငံကူးလက်မှတ် လုပ်ငန်းစဉ်တွေကနေတဆင့် စောင့်ကြည့်ခြေရာခံမှုတွေကိုပါ တိုးမြှင့်လုပ်ဆောင်လာပါတယ်။

ဒါ့အပြင် စစ်ရေးလှုပ်ရှားမှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မပြုလုပ်ခင် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ ရေဘေးသင့်ဒေသတွေမှာ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတာတွေကို MIP က ထောက်ပြထားပါတယ်။

တဖက်မှာလည်း Starlink မူဝါဒ အပြောင်းအလဲကြောင့် အင်တာနက် အသုံးပြုခ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြည်သူတွေရဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့် ပိုမိုဆိုးရွားလာကြောင်း MIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013