
သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်တားမြစ်ချက်အပေါ် တရားဥပဒေအရ စိန်ခေါ်ကန့်ကွက်ချက်တွေကို သြစတြေးလျ အမြင့်ဆုံးတရားရုံးမှာ နိုဝင်ဘာ ၃ ရက်က စတင်ကြားနာခဲ့ပါတယ်။
ဒီကန့်ကွက်မှုကို ထောက်ခံသူတယောက်က ပိတ်ပင်တားမြစ်ချက်ဟာ အလွယ်ရေးဆွဲထားတဲ့ ဥပဒေလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
အမေရိကန် လူမှုကွန်ရက် မီဒီယာ Reddit နဲ့ လွတ်လပ်ခွင့်ဝါဒီ အဖွဲ့တခုဖြစ်တဲ့ Digital Freedom Project တို့က တင်သွင်းလာတဲ့ အရေးပါတဲ့ အမှုကိစ္စကို အမြင့်ဆုံးတရားရုံးက ၂ ရက်ကြာ ကြားနာ စစ်ဆေးသွားမှာပါ။
ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ဒီဥပဒေအရ ပိတ်ပင်တားမြစ်ချက်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကတည်းက စပြီး အသက်ဝင်ခဲ့ပါတယ်။
Source: Reuters











