DVB Logo
Home
မြန်မာသတင်း
၁၂ လအတွင်း စက်ရုံဖယ်ရီကားမတော်တဆမှုကြောင့် အလုပ်သမား ၁၂ ဦးထက်မနည်း သေဆုံး
DVB
·
February 4, 2026
၁၂ လအတွင်း စက်ရုံဖယ်ရီကားမတော်တဆမှုကြောင့် အလုပ်သမား ၁၂ ဦးထက်မနည်း သေဆုံး
Donate to DVB

ရန်ကုန်မြို့မှာ ၁၂ လအတွင်း စက်ရုံဖယ်ရီကား မတော်တဆမှုကြောင့် အလုပ်သမား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က ထုတ်ပြန်ထားပါတယ်။

MICS-TUsF က ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ မတ်လကနေ အခုနှစ် ဖေဖော်ဝါရီပထမအပတ်အထိ စက်ရုံဖယ်ရီကား မတော်တဆမူဖြစ်ခဲ့တာ ၆ ကြိမ်ထက်မနည်းရှိခဲ့ပြီး အလုပ်သမား ၁၂ ယောက် သေဆုံးကာ ၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းက စက်ရုံဖယ်ရီကားတွေရဲ့ ပေါ့လျော့မူကြောင့် ယာဥ်မတော်တဆမှု မကြာခဏဖြစ်လာသလို အသက်ဆုံးရူံးရတဲ့ အလုပ်သမားများစွာရှိလာတဲ့အတွက် တာဝန်ရှိသူတွေ ထိန်းကျောင်းကြပ်မတ်ဖို့ လိုတယ်လို့ အဲဒီသမဂ္ဂအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၄ ရက်မှာ ကြေညာချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

လှည်းကူးမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်က ရန်ကုန်-ပဲခူးပြေးဆွဲတဲ့ မီနီဘတ်စ်ယာဥ်နဲ့ စက်ရုံဖယ်ရီကား တိုက်မိခဲ့တဲ့ ဖြစ်စဥ်ကြောင့် အလုပ်သမား ၄ ယောက်သေဆုံးကာ ၃၀ ကျော် ထိခိုက်မှုဖြစ်ခဲ့ ပြီးနောက်မှာ အဲဒီသမဂ္ဂအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်မြို့မှာ အလားတူ စက်ရုံဖယ်ရီကား မတော်တဆမှုတွေ ရှိခဲ့ပြီး အလုပ်သမားတွေ သေဆုံး၊ ထိခိုက်မှုများစွာရှိခဲ့ကာ လုပ်ငန်းခွင် အသွား အပြန်ခရီးအတွက် အသက်အန္တရာယ် လုံခြုံမှုမရှိတဲ့ အခြေအနေနဲ့ ကြုံနေကြရတာလို့ MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။

"စက်ရုံဖယ်ရီကား လုပ်ငန်းလုပ်သူတွေအနေနဲ့ တာဝန်ရှိစွာနဲ့ အလုပ်သမားတွေရဲ့ အသက်အန္တရာယ် လုံခြုံမှုပေးဖို့ လိုပါမယ်။"

ဒါ့အပြင် စက်ရုံပိုင်ရှင်၊ အလုပ်သမားရုံးတာဝန်ရှိသူတွေနဲ့ ယာဥ်ထိန်းတို့ကလည်း စက်ရုံဖယ်ရီကားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို ပုံမှန်စစ်ဆေးဖို့ လိုအပ်တယ်လို့ MICS-TUsF ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013