
လစ်သူယေးနီးယားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အဆင့်မြင့်လက်နက်တွေကို သူတို့ရဲ့ စစ်ရေး ဖွဲ့စည်းပုံမှာ ပေါင်းစပ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၃ ရက်မှာ HIMARS ဒုံးအမြောက်လက်နက် စနစ်တွေကို တိုက်ရိုက် ပစ်ခတ် လေ့ကျင့်တာတွေ စတင်ခဲ့တယ်လို့ တပ်မတော်က ပြောပါတယ်။
အမေရိကန်စစ်သားတွေနဲ့အတူ လုပ်ခဲ့တဲ့ ၂ ရက်ကြာ လေ့ကျင့်ခန်းတွေဟာ ဘောလ်တစ်ပင်လယ် ထဲက နေရာတွေကို ပစ်မှတ်ထားခဲ့ပြီး HIMARS စနစ်တွေကို အခုနှစ်နှောင်းပိုင်းမှာ လစ်သူယေးနီးယားဆီ ပို့ဆောင်ဖို့ မျှော်လင့်ထား ပါတယ်။
လေ့ကျင့်ခန်းတွေအတွင်း ကူရိုနီယန် ရေကန်နဲ့ ကူရိုနီယန်သဲခုံစွယ်တို့ကိုကျော်ပြီး ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့ပြီး ပစ်ခတ်တဲ့နေရာကနေ ၁၅ ကီလိုမီတာလောက်အကွာ ဘောလ်တစ်ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ လစ်သူယေးနီးယား စစ်တပ်က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
လစ်သူယေး နီးယားတပ်ဖွဲ့တွေဟာ အမေရိကန်စစ်တပ်ရဲ့ ပံ့ပိုးမှုနဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလကစပြီး HIMARS စနစ်တွေကို လည်ပတ်ဖို့နဲ့ ထိန်းသိမ်းဖို့ အပြင်းအထန်လေ့ကျင့်နေခဲ့တာပါ။
လေ့ကျင့်မှုတွေဟာ အမေရိကန်စစ်တပ်ရဲ့ အမှတ် ၄၁ မြေပြင်အမြောက်တပ်မဟာက လစ်သူယေးနီးယားအတွက် လေ့ကျင့်ပေးဖို့ဖြစ်ပြီး စနစ်တွေရဲ့ သီအိုရီဆိုင်ရာဗဟုသုတနဲ့ လက်တွေ့ အသုံးပြုမှု နှစ်မျိုးလုံးကို အာရုံစိုက်ခဲ့တယ်လို့ လစ်သူယေးနီးယားစစ်တပ်က ပြောခဲ့ပါတယ်။
လစ်သူယေးနီးယားနိုင်ငံဟာ ၃၀၀ ကီလိုမီတာအကွာက ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ATACMS စနစ်တွေအပါအဝင် တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေးကျည်ဆန်တွေ တပ်ဆင်ထားတဲ့ HIMARS ဒုံးကျည်ပစ်စင် ရှစ်ခုကို ရယူဖို့လည်း စီစဉ်ထားပါတယ်။
အခုဝယ်ယူမှုဟာ အမေရိကန်စစ်တပ်ရဲ့ ဥရောပ HIMARS ပဏာမခြေလှမ်း အစီအစဉ်နဲ့ အားဖြည့် ထားတဲ့ တခြားဘောလ်တစ်နိုင်ငံတွေနဲ့ ပူးတွဲဝယ်ယူရေး အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
Source:Reuters










