DVB Logo
Home
နိုင်ငံတကာ
ဘောလ်တစ်ပင်လယ်ဆိပ်ကမ်းရှိ ရေနံတင်သင်္ဘော ၁ စင်းပေါ်တွင် သံလိုက်မိုင်းများ တွေ့ရှိ
DVB
·
May 26, 2026
Photo: Russian State Media/Handout via REUTERS
Photo: Russian State Media/Handout via REUTERS
Donate to DVB

ရုရှားနိုင်ငံ ဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ရုရှားရဲ့ ဘောလ်တစ်ပင်လယ်ဆိပ်ကမ်း အုစ်-လူဂါမှာ ရှိတဲ့ ရေနံတင်သင်္ဘောတစင်းပေါ်မှာ သံလိုက်မိုင်းတွေ အများအပြား တွေ့ခဲ့တယ်လို့ အင်တာဖက်စ် သတင်းဌာနက မေ ၂၅ ရက်မှာ ဖော်ပြပါတယ်။

ဓာတ်ငွေ့ရည်သယ်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ အန့်ထ်ဝါ့ပ် ဆိပ်ကမ်းကနေ ရောက်လာတဲ့ အာရေးနီးယပ်စ်လို့ နာမည်ပေးထားတဲ့ ရေနံတင်သင်္ဘောရဲ့ ကိုယ်ထည်ပေါ်မှာ မိုင်းတွေကို တွေ့ခဲ့တာလို့ သတင်းဌာနက ပြောပါတယ်။

LSEG သင်္ဘောခြေရာခံဒေတာအရ ရေနံတင်သင်္ဘောမှာ လိုက်ဘေးရီးယားအလံ လွှင့်ထူထားပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံအခြေစိုက် မေပယ် မရင်နာဟိုးဒင်းကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေပါတယ်။

ဒီမိုင်းတွေကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အဖွဲ့ဝင်နိုင်ငံတခုမှာ ထုတ်လုပ်ခဲ့တာလို့ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။ မိုင်းတွေကို အသက်မဝင်အောင် ပိတ်လိုက်ပြီလို့လည်း သူက ပြောပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013