
ရုရှား Tu-22M3 တာဝေးပစ် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေဟာ ဘောလ်တစ်ပင်လယ်ပြင်ရှိ ကြားနေ ရေပြင်ပိုင်နက်တွေပေါ်မှာ အချိန်ဇယားအတိုင်း စီမံထားတဲ့ ပုံမှန် ကင်းလှည့်ပျံသန်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာ ပါတယ်။
ဗုံးကြဲလေယာဉ်တွေနဲ့အတူ Sukhoi Su-35S နဲ့ Su-30SM တိုက်လေယာဉ်တွေလည်း ဝန်းရံလိုက်ပါလာကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ အင်အားပြသတဲ့အနေနဲ့ အဲဒီလို ကင်းလှည့်မှုတွေကို ပုံမှန်ပြုလုပ်လေ့ရှိပါတယ်။
သမ္မတ ဗလာဒီမာ ပူတင်ဟာ ကရင်မလင်နန်းတော်မှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်တွေကို ဆွေးနွေးမဲ့ အမေရိကန်သံတမန် ၃ ယောက်နဲ့ တွေ့ဆုံမှု စတင်ပြီး မိနစ်ပိုင်းအကြာမှာ အခုထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source: Reuters










