DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် စစ်တပ်က အင်အားဖြည့်လာသဖြင့် KNA တပ်ဖွဲ့ဝင်အချို့ BGF တံဆိပ်ပြန်ပြောင်း
DVB
·
February 3, 2026
မြဝတီတွင် စစ်တပ်က အင်အားဖြည့်လာသဖြင့် KNA တပ်ဖွဲ့ဝင်အချို့ BGF တံဆိပ်ပြန်ပြောင်း
Donate to DVB

မြဝတီမြို့ကို စစ်ကောင်စီတပ်က လူ၊ လက်နက်ခဲယမ်း၊ တင့်ကားတွေ ဖြည့်တင်းပြီးနောက်  KNA ဘတ်တံဆိပ်ပြောင်းလဲထားတဲ့ တပ်ဖွဲ့ဝင်တချို့  BGF တံဆိပ် ပြန်ပြောင်းတာတွေ ရှိတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ 

ကရင်ပြည်နယ်၊ မြို့ဝတီမြိုမှာ ကရင်အမျိုးသားတပ်မတော် (KNA) လက်မောင်းတံဆိပ် ပြောင်းလဲခဲ့တဲ့ တပ်ဖွဲ့တွေအနေ နဲ့  ဇန်နဝါရီ ၂၅ ရက်နောက်ဆုံးထားပြီး မြဝတီမြို့ကနေ ထွက်ခွာဖို့နဲ့  တပ်နယ် ၂ မှာ ပြန်လည်နေထိုင်ဖို့ တပ်မ ၂၂ တပ်မမှူးက ညွှန်ကြားခဲ့ပါတယ်။  

အဲဒီနောက် ဇန်နဝါရီ ၃၀ ရက်က ဘားအံ တပ်မ ၂၂ ကနေ အာရှလမ်းအတိုင်း မြဝတီမြို့ကို လူ၊ လက်နက်ခဲယမ်း၊ တင့်ကားတွေနဲ့အတူ စစ်ယာဉ်တန်း အစီး ၃၀ ကျော် စစ်အင်အားဖြည့်တင်းခဲ့တာကြောင့် မြဝတီမြို့မှာ လက်ရှိ ရှိနေတဲ့  KNA တပ်ဖွဲ့ဝင်တွေဟာ  ထွက်ခွာသွားတာမရှိဘဲ BGF တံဆိပ် ပြန်ပြောင်းတပ်ဆင်ခဲ့ပါတယ်။  

ကရင်စစ်ရေးလေ့လာသူတယာက်က “တပ်ဘက်ကနေပြီးတော့ အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အခါကျတော့ ဒီဘက်ကနေပြီးတော့ နယ်မြေစွန့်ခွာ ဆုတ်ပေးရမယ်ဆိုတော့ ဆုတ်စရာမလိုအောင်လို့ ဘတ်တံဆိပ်ပြောင်းလိုက်တာ။ ဘတ်တံဆိပ်ပြောင်းပြီ နောက်ပိုင်းမှာ သူက  ဘတ်တံဆိပ်ပြောင်းရုံနဲ့ မရဘူး။ အင်အားစာရင်းကို နာမည်စာရင်းအတိအကျနဲ့ ပြန်ပေးရမယ်ဆိုပြီး ထပ်တောင်းလာတယ်။ သူတို့ နယ်ခြားစောင့်တပ်ဆိုပြီး အင်အားစာရင်း အတိအကျတင်တဲ့အခါ ကျတော့  အဲဒါကို သူ(တပ်)က အသိအမှတ်ပြုမယ်၊ တာဝန်ပြန်ပေးမယ်။ ပြီးရင် သူတို့က အာရှလမ်းပြန်ဖွင့်ဖို့ အစီအစဉ်ဆွဲကြလိမ့်မယ်။ အဲဒီမှာ တာဝန်ခွဲလို့ရှိရင်  အာရှလမ်း လုံခြုံရေး ဘယ်အပိုင်းက ဘယ်အပိုင်း အဲဒီလုပ်မယ့် အစီအစဉ်ပါလာတဲ့အတွက်ကြောင့် KNA ဆိုတဲ့ဟာကို BGF တံဆိပ် ပြန်ပြောင်းဝင်လာတာ။ အောင်ဇမ္မူလင်းဘက်က အဖွဲ့တွေက KNA ဆိုတဲ့ တံဆိပ်ကို မကပ်ဘဲနဲ့ BGF  တံဆိပ်နဲ့ ဆက်နေနေတဲ့ပုံမျိုး” လို့ ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာ လုံခြုံရေးတင်းကျပ်ပြီး လူငယ်တွေကို ဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက်တာတွေကြောင့် ကျီးလန့်စာ စားရသလို စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။  

မြဝတီမြို့ခံတယောက်က “စစ်တပ်က ကားတွေရှိတယ်။ KNA အဖွဲ့အစည်းက ဘတ်တံဆိပ်တွေပြောင်းပြီး ကားတွေနဲ့ သွားနေတာ ရှုပ်ယှက်ခပ်တာမရှိတော့ဘူး။ မရှိဘူးဆိုတာ လုံးဝမရှိတာမဟုတ်ဘူး နည်းတယ်။ ရပ်ကွက်ထဲက ပွဲခင်းထဲမှာဆိုရင် အခြေအနေမကောင်းဘူး။ ပွဲခင်းထဲမှာ အဖွဲ့အစည်းတွေရှိတယ်။ စောင့်ကြပ်တဲ့ အဖွဲ့အစည်းတွေက ရှောင်သွားတယ်။ ပွဲဈေးကတော့ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ပေါ်တာဆိုပြီ ဆွဲသွားတာတွေ ရှိတယ်။ သေနတ် ၁၀ ချက်ထက်မနည်းကြားတယ်။ ဒါပေမဲ့ ၂ ဖက် အပြန်အလှန်ပစ်ခတ်တဲ့ ပုံစံမဟုတ်ဘဲနဲ့  သေနတ်ထိုင်ဖောက်နေတဲ့ ပုံစံမျိုး၊ အဲလိုမျိုးတွေ ရှိတယ်။  (ရောက်ရှိနေတဲ့ စစ်အင်အား) ၂၇၅ တို့ ဘာတို့ဘက်မှာ ရှိတယ်။ တပ်တို့ဘာတို့ ဖြန့်ထားမှာပေါ့။ အဲလောက်တော့ သိတယ်။ ထည့်ထည့်ဝင်ဝင်တော့ မသိဘူး။  မြို့ထဲမှာ ကျီးလန့်စာ စားရသလိုပဲ” လို့ ပြောပါတယ်။

ကရင်အမျိုးသားတပ်မတော် (KNA)  တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။ 

လက်ရှိမှာ မြဝတီမြို့ လုံခြုံရေးကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) နဲ့ စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ 

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013