DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မီးတောင် ပေါက်ကွဲမှုကြောင့် လေဆိပ် ၈ ခု ပိတ်ထားရပြီး ခရီးသည် ၁၇၀,၀၀၀ ပိတ်မိ
DVB
·
September 7, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ အာနက် ကရာကတော မီးတောင် ပေါက်ကွဲမှုကြောင့် ဂျကာတာ အပါအဝင် လေဆိပ် ၈ ခု ပိတ်ထားရပြီး လေကြောင်းခရီးစဉ် ၁,၅၅၈ ခု ထိခိုက်ခဲ့တာကြောင့် ခရီးသည် ၁၇၀,၀၀၀ ပိတ်မိနေပါတယ်။

မီးတောင်ဟာ စက်တင်ဘာ ၄ ရက် ညနှောင်းပိုင်းက စတင်ပေါက်ကွဲခဲ့ပြီး စက်တင်ဘာ ၆ ရက်မှာလည်း ထပ်မံပေါက်ကွဲခဲ့ပါတယ်။

မီးတောင်ပြာတွေ ဂျကာတာဘက်ကို ပျံ့နှံ့လာတာ တွေ့ရလို့ ဆိုကာနို-ဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စက်တင်ဘာ ၆ ရက် မနက်ကစပြီး ပိတ်ခဲ့ပါတယ်။

နောက်ဆုံးသိရတဲ့ သတင်းတွေအရ ဆိုကာနို-ဟတ်တာ လေဆိပ်ကို စက်တင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲအထိ ဆက်ပိတ်ထားမှာ ဖြစ်ပါတယ်။

လေဆိပ်ပိတ်မှုကြောင့် စင်ကာပူ၊ ဒိုဟာ၊ ဆစ်ဒနီနဲ့ ကွာလာလမ်ပူ အပါအဝင် နိုင်ငံတကာခရီးစဉ်တွေ ထိခိုက်ခဲ့ပါတယ်။

အင်ဒိုနီးရှား မိုးလေဝသဌာန BMKG အဆိုအရ မီးတောင်ပြာတွေဟာ ဂျာဗားဘက်မှာ ပေ ၂၀,၀၀၀ အထိနဲ့ ဆူမားတြားဘက်မှာ ပေ ၅၀,၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒူဒီ ပူဝါဂန်ဒီက “ရာသီဥတုအခြေအနေ ပြောင်းလဲနေတဲ့အတွက် ဒီအခြေအနေ ဘယ်အချိန်ပြီးမလဲဆိုတာ မသတ်မှတ်နိုင်သေးပါဘူး” လို့ ပြောပါတယ်။

မီးတောင်ပြာကြောင့် မျက်စိနဲ့ အသက်ရှူလမ်းကြောင်း ထိခိုက်နိုင်တာကြောင့် ဒေသခံတွေကို အိမ်ထဲမှာနေပြီး နှာခေါင်းစည်းတပ်ဖို့ သတိပေးထားသလို ကျောင်းတချို့ကိုလည်း အွန်လိုင်းသင်ကြားမှု ပြောင်းထားပါတယ်။

လက်ရှိ မီးတောင်လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ ဆူနာမီ သတိပေးချက် မရှိပေမဲ့ နောက်ထပ် ပေါက်ကွဲနိုင်ခြေ မြင့်နေသေးတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013