DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယက ရုရှားရေနံမဝယ်ရန်နှင့် အမေရိကန်က စည်းကြပ်ခွန်လျှော့ရန် သဘောတူ
DVB
·
February 3, 2026
အိန္ဒိယက ရုရှားရေနံမဝယ်ရန်နှင့် အမေရိကန်က စည်းကြပ်ခွန်လျှော့ရန် သဘောတူ
Donate to DVB

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ ကုန်သွယ်ရေးသဘောတူညီမှု ရပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံက ရုရှားရေနံ မဝယ်တော့ဖို့နဲ့ အမေရိကန်ကုန်စည်တွေကို အခွန်ကင်းလွတ်ခွင့်ပေးဖို့ သဘောတူခဲ့တာပါ။

အမေရိကန်ကလည်း အိန္ဒိယကုန်စည်တွေအပေါ် ကောက်ခံနေတဲ့ မူလအခွန် ၂၅ ရာခိုင်နှုန်းနဲ့ ရုရှားရေနံ ဝယ်ယူမှုကြောင့် ဒဏ်ရိုက်ထားတဲ့ ၂၅ ရာခိုင်နှုန်း၊ စုစုပေါင်း အခွန် ၅၀ ရာခိုင်နှုန်းကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ ရုရှားရေနံအစား အမေရိကန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကနေ ရေနံဝယ်ယူသွားဖို့ ရှိတယ်လို့ ထရမ့်က်က ပြောပါတယ်။

မိုဒီအစိုးရဟာ စွမ်းအင်နဲ့ နည်းပညာ အပါအဝင် အမေရိကန်ကုန်စည် ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုး ဝယ်ယူဖို့လည်း ကတိပြုခဲ့တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီကတော့ “ဒီနေ့မှာ မိတ်ဆွေသမ္မတကြီး ထရမ့်ပ်နဲ့ စကားပြောခွင့်ရတာ ဝမ်းသာစရာပါပဲ။ Made in India ထုတ်ကုန်တွေအပေါ် စည်းကြပ်ခွန် ၁၈ ရာခိုင်နှုန်း လျှော့ချလိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် “ဒီလို အံ့အားသင့်ဖွယ်ရာ ကြေညာချက်အတွက် အိန္ဒိယပြည်သူ ၁ ဒသမ ၄ ဘီလီယံ ကိုယ်စား သမ္မတထရမ့်ပ်ကို အထူးကျေးဇူးတင်ရှိကြောင်း” လည်း ပြောပါတယ်။

ဒီကြေညာချက်ဟာ အိန္ဒိယနဲ့ ဥရောပသမဂ္ဂတို့ သမိုင်းဝင် ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ပြည်တွင်းစွမ်းအင်လိုအပ်ချက် ၉၀ ရာခိုင်နှုန်းကို ပြည်ပက တင်သွင်းနေရပြီး ၂၀၂၂ ခုနှစ်ကစလို့ ဈေးသက်သာတဲ့ ရုရှားရေနံကို အားထားခဲ့ရတာပါ။

ဒါပေမဲ့ ရိုက်တာသတင်းအရ ရုရှားရေနံဝယ်ယူမှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တရက်ကို စည် ၁ ဒသမ ၂ သန်း ရှိရာကနေ မတ်လမှာ ၈ သိန်းအထိ ကျဆင်းလာဖွယ်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013