DVB Logo
Home
နိုင်ငံတကာ
‘KPop Demon Hunters’ အဆိုတော်များ K-pop Grammy ဆု ပထမဆုံးရရှိ
DVB
·
February 2, 2026
‘KPop Demon Hunters’ အဆိုတော်များ K-pop Grammy ဆု ပထမဆုံးရရှိ
Donate to DVB

KPop Demon Hunters အဖွဲ့ရဲ့ လူကြိုက်များတဲ့ “Golden” သီချင်းဟာ အမြင်အာရုံမီဒီယာအတွက် ရေးထားတဲ့ သီချင်းအမျိုးအစားမှာ ပထမဆုံး ဂရမ်မီဆုကို ရခဲ့ပါတယ်။

အမြင်အာရုံမီဒီယာအတွက် ရေးထားတဲ့ သီချင်းအမျိုးအစားအတွက် အပြင် အခုနွေရာသီအတွက် Billboard ရဲ့ ရေပန်းအစားဆုံး သီချင်း ၁၀၀ စာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့တဲ့ “Golden” သီချင်းဟာ တနှစ်တာအကောင်းဆုံးသီချင်းအတွက် နာမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။

တွဲဖက်တေးရေးဆရာ မာ့ခ် ဆွန်နန်ဘရစ်ခ်ဟာလည်း သီချင်းနဲ့ ပေါ့ပ်စုံတွဲ/အဖွဲ့လိုက် ဖျော်ဖြေမှု အမျိုးအစားအတွက် နာမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။

KPop Demon Hunters ရဲ့ သီချင်းရေးဆရာနဲ့ ရူမီရဲ့ အသံသရုပ်ဆောင် EJAE က “ကျနော် ကိုရီးယားဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။ ငယ်ငယ်တုန်းက လူတွေက ကိုရီးယားဆိုတာ ဘယ်မှာလဲ၊ ဘာလဲဆိုတာ မသိခဲ့ကြဘူး။ အဲဒါကြောင့် ‘Golden’ သီချင်းကို ကမ္ဘာတဝန်းမှာ သီဆိုပြီး ကိုရီးယားစာသားတွေကို တလုံးချင်းစီ သီဆိုနိုင်တာ အံ့သြစရာပါပဲ” လို့ ဂရမ်မီဆုပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013