DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်လုပ်သားများကိုဖမ်းဆီး၊ အင်တာနက်ထပ်ဆင့်လွှင့်သည့်နေရာကို စစ်ဆေး 
DVB
·
January 31, 2026
မဲဆောက်တွင် တရားမဝင်လုပ်သားများကိုဖမ်းဆီး၊ အင်တာနက်ထပ်ဆင့်လွှင့်သည့်နေရာကို စစ်ဆေး 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ခွင့်ပြုမထားတဲ့ အလုပ်တွေကိုလုပ်ကိုင်နေတဲ့  မြန်မာနိုင်ငံသား အလုပ်သမားတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ အပါအဝင် ထိုင်းအာဏာပိုင်တွေက  လိုက်လံ ဖမ်းဆီး အရေးယူနေပါတယ်။

မဲ​ဆောက်မြို့တွင်းမှာ မြန်မာ​ရွေ့​ပြောင်းလုပ်သားတွေအနေနဲ့ ခွင့်ပြုချက်မရှိ​တဲ့လုပ်ငန်းတွေမှာ ပါဝင်တဲ့ ဈေးရောင်းတဲ့ အလုပ်လုပ်တွေလည်းလုပ်ကိုင်နေကြတာကြောင့်  ဇန်နဝါရီ ၃၀ ရက်နေ့က မြန်မာ​စျေးသည် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပြီး အရေးယူနိုင်ဖို့ စခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

အခုလို ဖမ်းဆီးမှုတွေကြောင့် မဲဆောက် မြို့တွင်းနဲ့ လမ်းကြားတွေမှာ မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ စျေးဆိုင်​တွေ ပိတ်ထားတာ​တွေရှိနေပြီး တချို့ကတော့ ဆိုင်ဖွင့်မ​ရောင်းဘဲ အိမ်အရောက်ပို့ပေးတာရှိတယ်လို့ မဲဆောက်မှာနေထိုင်တဲ့ မြန်မာတွေထံက သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက် မနက် ၆ နာရီလောက်က မဲဆောက်မြို့၊ ထဆိုင်လွတ်ရပ်ကွက်မှာ မြန်မာနိုင်ငံဘက်ကို ထိုင်းဘက်ကနေ တရားမဝင် အင်တာနက်ထပ်ဆင့်လွှင့်ပေးနေတဲ့ နေရာ ၃ နေရာကို ထိုင်းတာဝန် ရှိသူတွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ ပါတယ်။

အင်တာနက် တရားမဝင်သုံးစွဲမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်အရ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ အနီးရှိ တိုက်တန်းလျားက အခန်း ၃ ခန်းကို ဝင်ရောက် စစ်ဆေးရာမှာ အင်တာနက်ထပ်ဆင့်လွှင့်စက်တွေ ရှိရတဲ့အတွက် သိမ်းဆည်းပြီး ဖျက်ဆီးလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် အင်တာနက်ထပ်ဆင့်လွှင့်ပြီး အသုံးပြုတာ၊ တရားမဝင်စက်ပစ္စည်း အသုံးပြုတာတွေနဲ့ ပတ်သက်လို့ အခန်းပိုင်ရှင်နဲ့ စက်ပိုင်ရှင်တို့ကို ခေါ်ယူစစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013