DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် ဆိုင်ကယ်နှင့် စက်ဘီးခိုးယူမှု များပြားသဖြင့် ယာဉ်လုံခြုံရေး သတိပေး
DVB
·
January 30, 2026
မဲဆောက်တွင် ဆိုင်ကယ်နှင့် စက်ဘီးခိုးယူမှု များပြားသဖြင့် ယာဉ်လုံခြုံရေး သတိပေး
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲမှာ ဆိုင်ကယ်နဲ့ စက်ဘီး အခိုးခံရမှု များလာနေတာကြောင့် မိမိပိုင်ဆိုင်တဲ့ ယာဉ်တွေကို သော့ပိတ်ထားဖို့ ထိုင်း ယာဥ်ထိန်းရဲတပ်ဖွဲ့တွေက ရပ်ကွက်အတွင်း လိုက်လံသတိပေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မဲဆောက်ဧရိယာအတွင်း ဆိုင်ကယ်ခိုးခံရမှု အရင်ထက် များပြားနေတာဖြစ်ပြီး ဆိုင်ကယ်တွေကို သော့အဆင့်ဆင့်ပိတ်ဖို့ ထိုင်းရဲတွေက ပြည်သူတွေကို ကွင်းဆင်းပြီး လိုက်လံသတိပေးတဲ့အပြင် သတိပေးစာ စတစ်ကာတွေကိုလည်း ကပ်ထားပေးပါတယ်။

မဲဆောက်မြို့မှာ နှစ် ၂၀ ကျော်နီးပါး နေထိုင်တဲ့ မြန်မာအမျိုးသားတယောက်က “တလအတွင်း ဆိုင်ကယ်အခိုးခံရတဲ့သူ အယောက် ၂၀ အထက်ရှိတယ်။ ပျောက်ဆုံးသူတွေထဲ ကျနော်လည်းပါတယ်။ အိမ်ထဲအထိ ဝင်ခိုးသွားတာ။ အလုပ်ပင်ပန်းပြီး အိပ်မောကျနေတဲ့အချိန် ည ၂ နာရီထိုးမှာ cctv မှတ်တမ်းအရ သိရတယ်။ မဲဆောက်မှာနေတာ အနှစ် ၂၀ ကျော်ပြီ။ ခုလို ဆိုင်ကယ်တွေ အများကြီး ခိုးခံရတာ မကြုံဖူးဘူး။ ကျနော်နေတဲ့ ထဆိုင်လွတ်ရပ်ကွက်ထဲမှာဆိုရင် ၇ ရက်တပတ်အတွင်း ဆိုင်ကယ် ၆ စီးအထိ အခိုးခံရတယ်။ အခိုးခံရတဲ့ ဆိုင်ကယ်တွေကလည်း လမ်းဘေးထားတာမဟုတ်ဘဲ အိမ်ထဲမှာ သော့ခတ်ထားတဲ့ ကြားထဲက ဝင်အခိုးခံလိုက်ရတာဖြစ်ပြီး ခုတော့ ထိုင်းယာဥ်ထိန်းရဲတပ်ဖွဲ့တွေ အနေနဲ့ ဆိုင်ကယ်ပျောက်တာ များနေလို့ သော့ခတ်သိမ်းကြဖို့ အသိပေးတာ၊ ပညာပေးတာတွေကိုပါ လုပ်ဆောင်လာနေကြရပြီ” လို့ ဆိုပါတယ်။

မဲဆောက်ရဲစခန်းကလည်း ကား၊ ဆိုင်ကယ်တွေကို စက်သော့သေချာပိတ်ထားဖို့၊ အပိုသော့ တပ်ဆင်ပြီး ချည်နှောင်တွဲနဲ့ ပိတ်ထားဖို့၊ ထင်သာမြင်သာ အလင်းရောင်ရှိတဲ့ နေရာတွေမှာ ရပ်ထားဖို့နဲ့ CCTV ရှိတဲ့ နေရာတွေမှာ ရပ်ထားဖို့၊ ယာဉ်ရပ်နားစဉ် မဖြစ်မနေ သော့ပိတ်ထားဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မဲဆောက်တွင် ဆိုင်ကယ်နှင့် စက်ဘီးခိုးယူမှု များပြားသဖြင့် ယာဉ်လုံခြုံရေး သတိပေး