DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၅ နှစ်အတွင်း တိုးတက်မှုလမ်းကြောင်း ပျောက်ဆုံးနေပြီး ရှင်သန်ရုံမျှသာ အခြေအနေတွင် ရှိနေသည့် မြန်မာ့စီးပွားရေး
DVB
·
January 30, 2026
အာဏာသိမ်း ၅ နှစ်အတွင်း တိုးတက်မှုလမ်းကြောင်း ပျောက်ဆုံးနေပြီး ရှင်သန်ရုံမျှသာ အခြေအနေတွင် ရှိနေသည့် မြန်မာ့စီးပွားရေး
1 / 4
Donate to DVB

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် အာဏာသိမ်း ၅ နှစ်တာ ကာလအတွင်း တိုးတက်မှုလမ်းကြောင်း ပျောက်ဆုံးနေခဲ့ကာ ရှင်သန်ရုံမျှသာ ရှုန်းကန်နေရဆဲ အခြေအနေသို့ ရောက်ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်၏ အချက်အလက်များကို အခြေခံကြည့်လျှင် တိုင်းပြည်ရဲ့  GDP တိုးတက်မှုနှုန်းမှာ အနုတ်လက္ခဏာပြနေပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း စံချိန်တင် မြင့်တက်နေတာကို တွေ့ရပါတယ်။

၁။ ကပ်ရောဂါမှသည် အာဏာသိမ်းမှုဆီသို့ (၂၀၁၉ - ၂၀၂၁)

၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ အားကောင်းသော တိုးတက်မှုနှုန်း ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနှင့်အတူ အရာအားလုံး ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် (တတိယလှိုင်း) တို့ကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးသည် -၁၈ ရာခိုင်နှုန်းအထိ အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။ တဖက်မှာလည်း ကျပ်ငွေတန်ဖိုး စတင်ကျဆင်းလာပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၉ ဒသမ ၆ ရာခိုင်နှုန်းအထိ စတင်မြင့်တက်ခဲ့ပါတယ်။

၂။ ပြန်မလာနိုင်တော့သည့် မူလအခြေအနေ (၂၀၂၂ - ၂၀၂၃)

၂၀၂၂-၂၃ ခုနှစ်များတွင် စီးပွားရေး တိုးတက်မှုမှာ ၃ ရာခိုင်နှုန်းဝန်းကျင်သာ ရှိခဲ့ပြီး မူလအခြေအနေသို့ ပြန်ရောက်ရန် အလှမ်းဝေးနေခဲ့ပါတယ်။ အဆိုးရွားဆုံးအချက်မှာ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခြင်းဖြစ်ပြီး ကနဦးက ၁၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ခန့်မှန်းခဲ့သော်လည်း လက်တွေ့တွင်မူ ၂၇ ဒသမ ၂ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်သွားခဲ့ကာ ပြည်သူများ၏ စားဝတ်နေရေးကို စတင်ရိုက်ခတ်လာခဲ့ပါတယ်။ 

၃။ လက်ရှိအခြေအနေနှင့် ခန့်မှန်းချက် (၂၀၂၄ - ၂၀၂၆)

ပဋိပက္ခများ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများနှင့် ငွေကြေးရိုက်ထုတ်မှုများကြောင့် ၂၀၂၄-၂၅ ခုနှစ်တွင် နိုင်ငံ့စီးပွားရေး -၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၅-၂၆ တွင်လည်း  -၂ ရာခိုင်နှုန်း ထပ်မံကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း ၂၉ ဒသမ ၆ ရာခိုင်နှုုန်းအထိ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။

ရလဒ်။ ရှင်သန်ရပ်တည်ရေးသည် စိန်ခေါ်မှုဖြစ်လာခြင်း

၂၀၂၆ ခုနှစ်သို့ ရောက်ရှိချိန်တွင် ကိုဗစ်မတိုင်မီ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စီးပွားရေး တိုးတက်မှုနှုန်းထား (Real GDP Growth)မှာ ၁၃ ရာခိုင်နှုန်းခန့် သိသိသာသာ လျော့နည်းနေပြီး ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) မှာလည်း ၁၀ ဆခန့် (၂ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်း) သို့ မြင့်တက်နေပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်ကာလအလွန် စီးပွားရေး နာလန်ထူနေကြချိန် မြန်မာနိုင်ငံမှာမူ အဆပေါင်းများစွာ နောက်ကျကျန်ရစ်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013