
ယူကေမှာ ကစားမဲ့ ဥရောပပွဲစဉ်တပွဲကို တာဝန်ယူဖို့ ရောက်ရှိနေတဲ့ UEFA ဒိုင်လူကြီးတယောက်ဟာ ဆယ်ကျော်သက်ကောင်လေးတယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံလိုက်ရပါတယ်။
ဟိုတယ်မှာ ကောင်လေးကို မလျော်မကန် ကိုင်တွယ်ခဲ့ပြီး သူ့အခန်းထဲကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။
ဒီဒိုင်လူကြီးဟာ လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူဖို့ လျာထားခံရသူဖြစ်ပေမဲ့ အခုဖြစ်ရပ်ကြောင့် UEFA က သူ့ကို ပြိုင်ပွဲတွေကနေ ချက်ချင်းဆိုင်းငံ့လိုက်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ အသက် ၃၀ အရွယ်ရှိတဲ့ အဲဒီဒိုင်လူကြီးကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
UEFA ဘက်ကတော့ ဒီကိစ္စကို အထူးစိုးရိမ်ကြောင်းနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။











