ပရီးမီးယားလိဂ်ပွဲစဉ်တပတ်အတွင်း ဒိုင်လူကြီးအမှား ၆ ကြိမ်အထိ မှတ်တမ်းဝင်

ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အရေးကြီးဖြစ်ရပ်များ သုံးသပ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဒိုင်လူကြီးအမှား ၆ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပမာဏဟာ ၂၀၂၃-၂၄ ရာသီအစပိုင်းနောက်ပိုင်း တပတ်အတွင်း အများဆုံးစံချိန်တင် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်တိုင်းနီးပါးမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ထွက်ပေါ်ခဲ့ပြီး အာဆင်နယ်၊ အဲဗာတန်နဲ့ တော့တင်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်တွေမှာပါ အမှားတွေ ပါဝင်ခဲ့တာပါ။
ဆုံးဖြတ်ချက်အမှားတွေထဲမှာ VAR စနစ်ကပါ ဝင်ရောက်ပြင်ဆင်သင့်ပေမဲ့ လွတ်သွားခဲ့တဲ့ အမှား ၂ ကြိမ် ပါဝင်နေပါတယ်။
အဲဗာတန်ကစားသမား ဂျိမ်းစ်တာကိုစကီးက ကိုဗင်ထရီကစားသမားရဲ့ ဆံပင်ကိုဆွဲတဲ့ ဖြစ်စဉ်နဲ့ အာဆင်နယ်တိုက်စစ်မှူး ဟာဗက်ဇ် ဖျက်ထုတ်ခံရတဲ့ ဖြစ်စဉ်တို့မှာ ဒိုင်လူကြီးနဲ့ VAR နှစ်ရပ်စလုံး မှားယွင်းခဲ့ကြောင်း အတည်ပြု ဖော်ပြထားပါတယ်။











