
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ စတင်ခါစ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ စတင်ဖွဲ့စည်းခဲ့တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တည်ထောင်ခဲ့တာ ၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တောင်းမြစ်ဝှမ်းဒေသ တနေရာမှာ ဇူလိုင် ၂၁ ရက်က ကျင်းပ ခဲ့ပါတယ်။
အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုတာ၊ သစ္စာဓိဋ္ဌာန် ရွတ်ဆိုတာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဦးစီးချုပ်က ပေးပို့တဲ့ ဂုဏ်ပြု သဝဏ်လွှာ ကို ဖတ်ကြားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
SOF စစ်ကြောင်း ၂ ရဲ့ စစ်ကြောင်းမှူး ရဲဘော်စံရှားလေးက ၅ နှစ်ပြည့်မိန့်ခွန်း ပြောကြားတာနဲ့ စွမ်းဆောင်ရည် ကောင်းမွန်ထူးချွန်တဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုတံဆိပ်နဲ့ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးအပ်တယ်လို့ သိရပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် စစ်တောင်းမြစ်ဝှမ်းဒေသကို ပြောင်းရွှေ့ အထိုင်ချခဲ့တာ ဖြစ်ပါတယ်။











