
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဧပြီ ၄ ရက်က အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေ အတွက် စစ်လေ့ကျင့်ရေးစခန်းကို သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
သူတို့လေ့ကျင့်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ယူနစ် အသီးသီးက စစ်သားတွေအကြား လက်နက်ငယ်ပစ်ခတ်မှု ပြိုင်ပွဲနဲ့အတူ လေ့ကျင့်ရေးသရုပ်ပြမှုတွေကို ကင်မ်ဂျုံအန်း ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားအစိုးရပိုင် KRT ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ အထူးစစ်ဆင်ရေးယူနစ်တွေဆီ ထောက်ပံ့ပေးဖို့ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ စနိုက်ပါ ရိုင်ဖယ်သေနတ်ကိုလည်း အစမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်လွှင့်ချက်အရ သိရပါတယ်။
နိုင်ငံရဲ့ အထူးစစ်ဆင်ရေး စွမ်းရည်တွေ အားကောင်းလာတာဟာ လက်ရှိ စစ်ရေးဗျူဟာရဲ့ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပြီး သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှု စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ အဓိကတာဝန်တွေကိုလည်း အတွဲလိုက် အကြမ်းဖျဉ်း ရေးပြခဲ့ကြောင်းလည်း KRT က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters