DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ နယ်စပ်စခန်း ၃ ခုကို ကေအန်ယူ သိမ်းပိုက်
DVB
·
March 24, 2024
စစ်ကောင်စီ၏ နယ်စပ်စခန်း ၃ ခုကို ကေအန်ယူ သိမ်းပိုက်
1 / 3
Donate to DVB

ကေအန်ယူ တပ်မဟာ ၆ နယ်မြေထဲက စစ်ကောင်စီရဲ့ နယ်စပ်အထိုင်စခန်းတွေဖြစ်တဲ့ ကွီလုံတိုင်စခန်း၊ မဲသရောထစခန်းနဲ့ ရေတလျောက်စခန်းတွေကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/အထူးတပ်ဖွဲ့)နဲ့ ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

SOF အထူးစစ်ဆင်ရေး တောင်ပိုင်းစစ်ဒေသတပ်ခွဲမှူးက “ကွီလုံတိုင်စခန်းအား မတ် ၂ ရက်နေ့တွင် တက်ရောက်ချေမှုန်းခဲ့ပြီး စကစဘက်က ၄ ယောက် သေဆုံးကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြပါတယ်” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သားတွေကို လိုက်လံချေမှုန်းရာမှာ MA 2 အမျိုးအစား သေနတ် ၁ လက်နဲ့ MA 1 အမျိုးအစား သေနတ် ၁ လက်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီက စစ်သားတွေဟာ ရေတလျောက်စခန်းကို သွားရောက်ပူးပေါင်းသွားခဲ့ပြီး မတ် ၄ ရက်နေ့မှာတော့ KNLA နဲ့ SOF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ပြီး အဲဒီစခန်းကိုလည်း စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

မဲသရောထစခန်းနဲ့ ရေတလျောက်စခန်းတို့ကို မတ် ၁၄ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မတ် ၁၉ ရက်နေ့မှာတော့ မဲသရောထအထိုင်စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်  ၂၀ ရက်နေ့မှာတော့ နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေ လုပ်နေတုန်း ည ၁၀ နာရီလောက်မှာ ရေတလျောက်စခန်းက စစ်ကောင်စီတပ်သားတွေဟာလည်း ထိခိုက်ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ထပ်ပြီး ထွက်ပြေးသွားခဲ့ကြပါတယ်။

မတ် ၂၁ ရက်နေ့မှာတော့ မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး အဲဒီစခန်းတွေရဲ့ နယ်စပ်တလျှောက် KNLA နဲ့ S.O.F တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013