DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံတွင် တိုက်ပွဲပြန်ပြင်းထန်၊ ကျည်ဆန်များ ထိုင်းဘက်ခြမ်းကျပြီး နေအိမ် ၂ လုံး ထိမှန် 
DVB
·
January 27, 2026
မင်းလက်ပံတွင် တိုက်ပွဲပြန်ပြင်းထန်၊ ကျည်ဆန်များ ထိုင်းဘက်ခြမ်းကျပြီး နေအိမ် ၂ လုံး ထိမှန် 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေပြီး ကျည်ဆန်တွေ ထိုင်းဘက်ခြမ်းကို ကျရောက်တာကြောင့် နေအိမ် ၂ လုံး ထိမှန်ခဲ့တယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဇန်နဝါရီ ၂၆ ရက် မနက်က မြန်မာစစ်တပ်ဟာ မြဝတီမြို့နယ် မင်းလက်ပံရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အခြေစိုက်စခန်းကို သိမ်းပိုက်ဖို့အတွက် ဒရုန်း၊ ကာမီကာဇေ အသေခံဗုံးတွေနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ နေရာဟာ ထိုင်းနယ်စပ်နဲ့ တကီလိုမီတာလောက်သာ ကွာဝေးပြီး ပစ်ခတ်သံ၊ ပေါက်ကွဲသံတွေကို မဲဆောက်မြို့နယ် မဲ့ကို့ကင်းရွာကနေ အတိုင်းသားကြားနေရတယ်လို့ ဆိုပါတယ်။ 

အဆိုပါပစ်ခတ်မှုကနေ  ကျည်ဆန်တွေဟာ  ထိုင်းဘက်ခြမ်း မဲဆောက်မြို့နယ်  မဲ့ကို့ကင်းနဲ့ ဘန့် ဟွေ့မ ဟာဝုန်းရွာထဲကိုပါ ကျရောက်ခဲ့တာကြောင့် နယ်မြေ ၉ ထဲက နေအိမ် ၂ လုံးရဲ့ နံရံနဲ့ ပြတင်းတံခါး ထိမှန်တယ်။ နေအိမ်တအိမ်မှာဆိုရင် ကျည်ဆန်က နံရံကိုဖောက်ပြီး အိမ်ထဲက ပန်ကာကို ထိလို့ ပျက်စီးသွားတယ်။ ရွာသားတွေက ပစ်ခတ်သံတွေကြားတာနဲ့ ဘေးကင်းရာ တိမ်းရှောင်နေလို့ ထိခိုက်တာမရှိဘူးလို့  ဒေသခံရွာသားတယောက်က သတင်းထောက်ကို ပြောပါ တယ် ။ 

အဲဒီနောက် ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချူပ် ဖနား ခလျောဝ့်ဘော်ထွတ်နဲ့ တာဝန်ရှိသူတွေဟာ မဲဆောက်မြို့  မယ်ကုရပ်ကွက်ရှိ ရာ့ချ်မနူးစစ်ကြောင်းအခြေစိုက်နေရာကို ရောက်ရှိလာပြီး နယ်စပ် ပစ်ခတ်မှုအခြေအနေနဲ့တကွ နယ်စပ်ဒေသက ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး အစရှိတဲ့ ရာဇဝတ်မှုနှိမ်နင်းရေးလုပ်ငန်းတွေ စစ်ဆေးပြီး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အားပေးစကားပြောကြားသွားတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ မဲ့ကို့ကင်းရွာမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလပိုင်းကလည်း မြဝတီဘက်က တိုက်ပွဲကြောင့် လက်နက်ကြီးကျည်ကျပြီး ရွာသားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

Source : ThaiPBS / Matichon News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013