DVB Logo
Home
နိုင်ငံတကာ
စပိန်ရဲတပ်ဖွဲ့က ကိုကင်းမှောင်ခိုရောင်းဝယ်မှုကို ဖြိုခွင်း၊ မူးယစ်ဆေး ၁၀ တန် သိမ်းဆည်းမိ
DVB
·
January 27, 2026
စပိန်ရဲတပ်ဖွဲ့က ကိုကင်းမှောင်ခိုရောင်းဝယ်မှုကို ဖြိုခွင်း၊ မူးယစ်ဆေး ၁၀ တန် သိမ်းဆည်းမိ
Donate to DVB

စပိန်ရဲတပ်ဖွဲ့ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက ရေပေါ်အခြေစိုက်စခန်းတွေကနေ မူးယစ်ဆေးဝါးတွေကို ကုန်းတွင်းဆီ မြန်နှုန်းမြင့်လှေတွေသုံးပြီး သယ်လာတဲ့ ကြီးမားတဲ့ ကိုကင်းမှောင်ခိုရောင်းဝယ်မှုကို စစ်ဆင်ရေးနဲ့ ဖြိုခွင်းခဲ့ပါတယ်။

မူးယစ်ဆေးဝါး မက်ထရစ်တန်ချိန် ၁၀ တန်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၁၀၅ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ ပြင်သစ်၊ ပေါ်တူဂီနဲ့ အမေရိကန် အပါအဝင် နိုင်ငံတွေက ဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တနှစ်ကြာ စုံစမ်းစစ်ဆေးချက်အရ ဒီအဖွဲ့ဟာ အဲဒီကာလအတွင်း ဥရောပဆီ ကိုကင်း ၅၇ တန်လောက် သယ်လာခဲ့တယ်လို့ ရဲတွေက ဇန်နဝါရီ ၂၆ ရက်မှာ ပြောခဲ့ပါတယ်။

စပိန်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း ဂယ်လီစီယာဒေသနဲ့ ကနေရီကျွန်းစုတွေကနေ ညအချိန်မှာ မောင်းတဲ့ မြန်နှုန်းမြင့်လှေတွေဟာ သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးသင်္ဘောတွေက မူးယစ်ဆေးဝါးတွေကို သယ်ယူဖို့ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဝေးလံတဲ့နေရာတွေဆီကို သွားခဲ့ကြပါတယ်။

မာလိန်မှူးတွေက တချိန်တည်းမှာ တလကျော်ကြာအောင် ပင်လယ်ထဲမှာရှိနေမဲ့ ရေပေါ် ပလက်ဖောင်းတွေကို ဖန်တီးနိုင်ခဲ့ပြီး ဆက်တိုက်လုပ်ဆောင်ချက် အများအပြားကို လုပ်ဆောင်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဖွဲ့ဝင်တွေဟာ လုံခြုံရေးအေဂျင်စီတွေရဲ့ ဆက်သွယ်ရေးနဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ခေတ်မီကိရိယာတွေကို သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရဲအရာရှိတွေက လှေ အစီး ၃၀၊ ယာဉ် ၇၀၊ အဆင့်မြင့်ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ရေးပစ္စည်း အများအပြားကို သိမ်းဆည်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013