DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်နှင့် ဂါဇာက စစ်သွေးကြွများကို အစ္စရေးတိုက်ခိုက်
DVB
·
January 27, 2026
လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာပစ်မှတ်နှင့် ဂါဇာက စစ်သွေးကြွများကို အစ္စရေးတိုက်ခိုက်
Donate to DVB

အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့ ဗီဒီယိုတခု ဇန်နဝါရီ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဒေသမှာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေ လှုပ်ရှားနေပြီး အလားအလာရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ ဆောင်ရွက်နေတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးဟာ လက်ဘနွန်တဝန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက် သေဆုံးခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဟစ်ဇ်ဘိုလာနဲ့ အပစ်အခတ်ရပ်စဲရေးကို နေ့စဉ်နီးပါး ချိုးဖောက်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အရှေ့ဘက် ဘီကာချိုင့်ဝှမ်းနဲ့ လက်ဘနွန်တောင်ပိုင်းက ရွာအများအပြားကို ပစ်မှတ်ထားခဲ့တယ်လို့ အမျိုးသားသတင်းဌာန (NNA) က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဘင့်ဂျီဘီလ်ခရိုင်ရှိ ခါဘတ်ဆမ်မြို့က ဂိုဒေါင်တခုအပေါ် တိုက်ခိုက်မှုတခုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးစစ်တပ်က အထောက်အထားမပြဘဲ ဟစ်ဇ်ဘိုလာ “လက်နက်ထုတ်လုပ်ရေးနေရာ” တခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

တောင်ပိုင်းကမ်းရိုးတန်းမြို့ တိုင်ယာရဲ့ အရှေ့ဘက် ဒါ့ဂ်ဟာယာကို သီးခြားတိုက်ခိုက်ရာမှာ တခြားလူတယောက် သေဆုံးခဲ့တယ်လို့ NNA က ဖော်ပြခဲ့ပါတယ်။

သေဆုံးသူကို ကျောင်းဆရာ မိုဟာမက် အယ်လ်ဟူဆေးနီ အဖြစ် လက်ဘနွန်သတင်းဌာန အများအပြားက ဖော်ပြခဲ့ပါတယ်။

ဂါဇာမြို့မှာလည်း အထပ်မြင့်အဆောက်အအုံတခုရဲ့ အမိုးပေါ်မှာ အစ္စရေး ဒရုန်းတစင်း ပေါက်ကွဲခဲ့လို့ လူ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အစ္စရေးစစ်တပ်ကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။ အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ကလေး ၂ ယောက် အပါအဝင် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။

မြောက်ပိုင်း ဂါဇာကမ်းမြောင်မှာ လှုပ်ရှားနေတဲ့ အစ္စရေးတပ်ဖွဲ့တွေက အဝါရောင်မျဉ်းကို ဖြတ်ကျော်ပြီး အဲဒီဒေသမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခု စိုက်ထူကာ တပ်ဖွဲ့တွေဆီ ချဉ်းကပ်လာတဲ့ စစ်သွေးကြွ အများအပြားကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဂါဇာစစ်ပွဲ စချိန်ကနေ ခုထိ ဂါဇာမှာ သေဆုံးသူဦးရေ ၇၁,၆၅၄ ယောက် ရှိပြီး အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စပြီး အသက်ဝင်ချိန်ကနေ ခုထိ လူ ၄၈၁ ယောက် သေဆုံးခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013