
အီရန်အစိုးရက လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာမဟာမိတ်တွေကို အကြမ်းမဖက်အောင် မတားနိုင်ရင် အမေရိကန်က အီရန်နိုင်ငံအပေါ် ပြန်စတင် တိုက်ခိုက်မယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က ဇွန် ၂၁ ရက်မှာ လူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်ပါတယ်။
အီရန်အစိုးရဟာ လက်ဘနွန်နိုင်ငံထဲက သူတို့ရဲ့ လစာမြင့် ကိုယ်စားလှယ်တွေကို ပြဿနာမလုပ်အောင် ချက်ချင်းရပ်ခိုင်းရမယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်ပေါ်ကနေ ရေးခဲ့တာပါ။
သူတို့ မလုပ်ဆောင်ဘူးဆိုရင် ပြီးခဲ့တဲ့အပတ်ကလိုပဲ အီရန်ကို အလွန်ပြင်းပြင်းထန်ထန် ထပ်ပြီး တိုက်ခိုက်ရလိမ့်မယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။
Source: Reuters










