DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ ရည်ညွှန်းဈေး ပြန်တက်လာ
DVB
·
January 26, 2026
စားအုန်းဆီ ရည်ညွှန်းဈေး ပြန်တက်လာ
Donate to DVB

မြန်မာပြည်တွင်း စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်းဟာ အချိန်ကြာကြာ ဆက်တိုက် ပြန်ကျဆင်းနေရာကနေ လက်ရှိမှာ အနည်းငယ် ပြန်တက်ရိပ်ပြလာတာကို တွေ့ရပါတယ်။

ဒီတပတ် ဇန်နဝါရီ ၂၃ ရက်‌ကနေ ၂၆ ရက်အထိ စားအုန်းဆီ တပိဿာ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ငွေကျပ် ၆၁၅၀ ကျပ်ဖြစ်တယ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။

စားအုန်းဆီ ရည်ညွှန်းဈေးဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက တပိဿာ ကျပ် ၇,၂၈၀ ကနေ ဆက်တိုက်ပြန်ဆင်းလာပြီး ၂၀၂၅ ဒီဇင်ဘာ နောက်ဆုံးပတ်မှာ တပိဿာကို ကျပ် ၆,၀၅၀ ထိ ဈေးနှုန်းကျဆင်းခဲ့ပါတယ်။

လက်ရှိမှာတော့ တပိဿာကိုကျပ် ၆,၁၅၀ ကို အနည်းငယ် ပြန်တက်ရိပ်ပြလာတာ ဖြစ်ပါတယ်။

ရပ်ကွက်အလိုက် ဝယ်ယူခွင့်စာအုပ်နဲ့ ရောင်းချပေးနေတဲ့ ဈေးနှုန်းကတော့ ၅၀ ကျပ်သားကို ၃,၅၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေဆီကသိရပြီး အပြင်ဈေးနဲ့ ရည်ညွှန်းဈေး ကွာဟချက်ရှိနေဆဲပဲ ဖြစ်ပါတယ်။

စစ်ကောင်စီက စားအုန်းဆီဝယ်ယူခွင့်စာအုပ်ကို အိမ်ထောင်စုစာရင်းရှိသူတွေကိုသာ ဦးစားပေး ထုတ်ပေးထားတာ ဖြစ်လို့ ဝင်ငွေနည်းပေမဲ့ ဝယ်ခွင့်စာအုပ်မရှိသူတို့အတွက် စားအုန်းဆီကို ပြင်ပဈေးကွက်ကသာ  ဈေးအမြင့်နဲ့ မဖြစ်မနေ ဝယ်ယူရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ 

တောင်ဥက္ကလာမြို့နယ်က စာအုပ်နဲ့ ဆီ ဝယ်ယူစားသုံးနေရသူ အမျိုးသမီးတယောက်က “ရပ်ကွက်ထဲမှာ ဆီစာအုပ်နဲ့ အပတ်စဥ်ရောင်းပေးနေတဲ့ ဈေးကတော့ ၅၀ သားကို ကျပ် ၃,၅၀၀ ပေးရတယ်။ တပတ် တကြိမ်နဲ့ တလ ၂ ပိဿာ ရောင်းပေးတယ်။ အပြင်ဈေးက ကျပ် ၁၀,၀၀၀ ပေါက်တယ်” လို့ ပြောပါတယ်။

ကော်မတီအနေနဲ့ Door to Door လို့ ခေါ်တဲ့ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချတဲ့စနစ်နဲ့လည်း စားအုန်းဆီကို ရောင်းချပေးနေပေမဲ့ အဲံဒီစနစ်ဟာ စားသုံးသူတွေအတွက် အဆင်မပြေတာကြောင့် ပိုကောင်းတဲ့စနစ်နဲ့ ရောင်းချပေးစေလိုတယ်လို့ ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ကော်မတီကတော့ စားအုန်းဆီ ရည်ညွှန်းဈေးကို သယ်ယူစရိတ်နဲ့ ၂ ရာခိုင်နှုန်း အမြတ်သာ ဖြည့်ပြီး ဈေးကွက်မှာပြန် ရောင်းချဖို့အပြင် မသမာတဲ့ လုပ်ဆောင်မှုတွေ၊ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်မှုတာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013