DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာ ရွေးကောက်ပွဲ၌ သတင်းသမားများကို ပျူစောထီးက စောင့်ကြည့် သတင်းယူခွင့် တားမြစ်
DVB
·
January 25, 2026
လှိုင်သာယာ ရွေးကောက်ပွဲ၌ သတင်းသမားများကို ပျူစောထီးက စောင့်ကြည့် သတင်းယူခွင့် တားမြစ်
Donate to DVB

အလုပ်သမားတွေအများစုရှိရာ မဲဆန္ဒနယ်ဖြစ်တဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ ရွေးကောက်ပွဲ အပိုင်း ၃ အတွက် သတင်းရယူမဲ့ သတင်းသမားတွေကို စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက စောင့်ကြည့်နေပြီး သတင်းရယူခွင့် တားမြစ် ကန့်သတ်ထားတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ သတင်းထောက်တွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်ဟာ အကြီးဆုံး မဲဆန္ဒနယ်ဖြစ်သလို လူဦးရေအများဆုံးရှိတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူဦးရေအများဆုံးရှိတဲ့ မဲဆန္ဒနယ်မှာ မဲထွက်ပေးတဲ့ ပြည်သူကတော့ အလွန်နည်းပါးသလို သတင်းရယူခွင့်လည်း ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။

သတင်းသမားတယောက်က “သူတို့က ဘယ်တိုက်ကလဲ ဘာညာမေးတယ်။ ကိုယ်တွေကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။ ပြီးတော့ ပြန်ကြားရေးကလည်း တရားဝင်ခွင့်ပြုထားတာ။ ဒါကို သတင်းယူလို့ မရဘူး ဘာညာနဲ့။ သွားလေရာနောက်ကို ဆိုင်ကယ်လေး၊ ငါးစီးလောက်နဲ့ တောက်လျှောက်လိုက်တာ။ ကိုယ်တွေလည်း စိတ်မချရတာနဲ့ ပြန်လှည့်လာရတယ်။ တော်တော်ဆိုးတယ်။ မဲလာပေးတဲ့ လူလည်း မရှိပါဘူး။ ရှင်းလင်းနေတာပဲ" လို့ ပြောပါတယ်။

ရွေးကောက်ပွဲအပိုင်း ၃  မှာ လှိုင်သာယာ‌အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ပါဝင်ပြီး အထည်ချုပ်အလုပ်သမားတွေ အပါအဝင် လူဦးရေ ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားတွေ မဲလာထည့်ဖို့ စက်ရုံတွေကိုလည်း အကုန်ပိတ်ခိုင်းထားတာလည်း ဖြစ်ပါတယ်။ တခြားသောမြို့နယ်တွေမှာလည်း သတင်းရယူခွင့်ကန့်သတ်ထားပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013