DVB Logo
Home
နိုင်ငံတကာ
ချက်နိုင်ငံ နှင်းဖုံးတောင်တန်း၌ ခွေးကောင်ရေ ၇၀၀ ပါဝင်သည့်  ခွေးဆွဲစွတ်ဖားပြိုင်ပွဲကျင်းပ 
DVB
·
January 25, 2026
ချက်နိုင်ငံ နှင်းဖုံးတောင်တန်း၌ ခွေးကောင်ရေ ၇၀၀ ပါဝင်သည့်  ခွေးဆွဲစွတ်ဖားပြိုင်ပွဲကျင်းပ 
Donate to DVB

ချက်သမ္မတနိုင်ငံမှာကျင်းပတဲ့ ခွေးဆွဲ စွတ်ဖားပြိုင်ပွဲကို နိုင်ငံ ၁၃ နိုင်ငံက ပြိုင်ပွဲဝင် ရာနဲ့ချီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

နှင်းတွေထဲမှာ ယှဉ်ပြိုင်ရတဲ့ ကီလို ၃၀၀ ခွေးဆွဲစွတ်ဖားပြိုင်ပွဲကို ချက်နိုင်ငံက တောင်တန်းတွေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခွေးကောင်ရေ ၇၀၀ ပါဝင်တဲ့ ပြိုင်ပွဲဝင် ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

နှင်းတွေဖုံးနေတဲ့ အော်လစ်ကဲတောင်တန်းတွေပေါ်မှာ ယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ကနေ ၂၄ ရက်အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

၂၈ ကြိမ်မြောက် ကျင်းပတဲ့ ဒီပြိုင်ပွဲဟာ  ဥရောပတိုက်မှာ ကျင်းပတဲ့ အခက်အခဲဆုံး ခွေးဆွဲ စွတ်ဖားပြိုင်ပွဲပဲဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ ညဘက်ယှဉ်ပြိုင်ရမှုတွေအပါအဝင် ၄ ရက်အတွင်း အဆင့် ၅ ဆင့် ယှဉ်ပြိုင်ရတဲ့ ရှည်လျားတဲ့ယှဉ်ပြိုင်မှုပဲ ဖြစ်ပါတယ်။

ခွေးဆွဲစွတ်ဖားပြိုင်ပွဲကို ၁၉၉၀ ပြည့်နှစ်က ချက်နိုင်ငံမှာ စတင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေဟာ နှင်းတွေဖုံးနေတဲ့ တောတွေကို ဖြတ်သန်းပြီး မီတာ ၉,၀၀၀ ‌ကျော်မြင့်တဲ့ တောင်တန်းတွေကို ဖြတ်သန်းယှဉ်ပြိုင်ရမှုတွေ ပါဝင်ပါတယ်။

ပြိုင်ပွဲဝင်အများစုဟာ အဆင့် ၄ ဖြစ်တဲ့ ကီလိုမီတာ ၂၀၀ ကိုသာ ရောက်ရှိခဲ့ကြတာ တွေ့ရပါတယ်။ ကီလိုမီတာ ၃၀၀ အထိကို တော့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတဲ့ ဒေသခံပြိုင်ပွဲဝင် ဂျီရီနဲ့ ဟာဘာစကိုတို့သာ ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013