
ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ မိုင်ယန်မီးတောင်ကနေ မီးခိုးငွေ့တွေ ထူထူထပ်ထပ် မြင့်တက်လာတာကို မေလ ၂ ရက်က မျက်မြင်သက်သေဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဖိလစ်ပိုင်အလယ်ပိုင်းက မီးတောင်ဟာ ပြာတွေ၊ ကျောက်တုံးတွေနဲ့ ဓာတ်ငွေ့တွေရဲ့ မြန်ဆန်တဲ့ စီးဆင်းမှုကို ဗီဒီယိုထဲမှာ ပြထားပြီး အာဏာပိုင်တွေက ဒေသခံတွေကို အန္တရာယ် များတဲ့နေရာတွေကနေ ဝေးဝေးနေဖို့ သတိပေးချက်တွေ ထပ်ပြီးထုတ်ပြန်ခဲ့ပါတယ်။
ပြာ၊ ဓာတ်ငွေ့နဲ့ မီးတောင် အပျက်အစီး အရောအနှောတွေဟာ မီးတောင်ရဲ့ တောင်ဘက်နဲ့ အနောက်တောင်ဘက် တောင်စောင်းတလျှောက် ၄ ကီလိုမီတာအထိ ရောက်ခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်ဗေဒနဲ့ ငလျင်ဗေဒအင်စတီကျု (PHIVOLCS) က ပြောပါတယ်။
မိုင်ယန်မီးတောင်ဟာ သတိပေးအဆင့် ၃ အောက်မှာ ရှိနေဆဲဖြစ်ပြီး အသေးစားပေါက်ကွဲမှုတွေနဲ့ အတူ ချော်ရည်တွေက လျှိုတွေများစွာတလျှောက်မှာ ဆက်ပြီး စီးဆင်းနေတယ်လို့လည်း PHIVOLCS က ပြောပါတယ်။
ပြာတွေ ဆက်စီးဆင်းမှုနဲ့အတူ ပြာတွေ ကျဆင်းမှုအန္တရာယ်တွေကို ထောက်ပြပြီး ခြောက်ကီလိုမီတာ အချင်းအတွင်း အမြဲတမ်းအန္တရာယ်ဇုန်ဆီ မသွားဖို့ အာဏာပိုင်တွေက ပြည်သူလူထုကို သတိပေးခဲ့ပါတယ်။











