DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တနှစ်တာအတွင်း လူငယ် လူလတ် ၂,၀၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
January 24, 2026
ရန်ကုန်တွင် တနှစ်တာအတွင်း လူငယ် လူလတ် ၂,၀၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့မှာ ၂၀၂၅ ခုနှစ် တနှစ်ကာကာလအတွင်း လူငယ်လူလတ် ၂,၀၃၅ ယောက် စစ်တပ်ရဲ့ ဖမ်းဆီးခံရတယ်လို့ Rangoon Scout Network က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

တနှစ်တာကာလထဲမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူက ၂၈၂ ယောက်၊ ပြန်လည်လွတ်မြောက်လာခြင်းမရှိတော့သူက ၂၉၄ ယောက် ၊ နောက်ဆက်တွဲအခြေအနေ မသိရသူက ၁၄၅၉ ယောက် တို့ဖြစ်တယ်လို့ သိရပါတယ်။

RSN တာဝန်ရှိသူတယောက်က "မလုံခြုံမှုကြောင့် စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေနဲ့ နေနေကြရပါတယ်ဗျ။ အထူးသဖြင့် အခြေခံလူတန်းစားတွေပါ။ လူငယ်တွေမှာက အကြောင်း အမျိုးမျိုးပြပြီး ဆွဲခံရနိုင်ခြေရှိတော့ ထိတ်လန့်တဲ့စိတ်က အမြဲရှိနေကြပါတယ်။ လူကြီးပိုင်းတွေကလည်း ကိုယ့်မိသားစုထဲက လူငယ်ပိုင်းတွေရဲ့ လုံခြုံရေးအတွက်နဲ့ စားဝတ်နေရေးအတွက် စိတ်မချဖြစ်ပြီး အမြဲစိုးရိမ်နေကြရပါတယ်ဗျ"လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ဖြစ်စဥ်တွေကတော့ လမ်းပေါ်သွားလာနေချိန်၊ ဆိုင်ထိုင်နေချိန်၊ ကားထဲထိုင်နေချိန်၊ ဖုန်းစစ်ဆေးတာ၊ ဧည့်စာရင်းစစ်တာ၊ ယာဥ်တားပြီးစစ်တာ၊ ငလျင်ဘေးအတွက် အလှူခံချိန် ဖမ်းဆီးတာ၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းတာ၊ စောင့်ဖမ်းတာ၊ ဆန္ဒပြနေချိန် ဖမ်းတာ၊ အလုပ်နဲ့မျှားခေါ်တာ၊ ပြည့်တန်ဆာနဲ့ မျှားခေါ်တာ၊ မူးယစ်ဆေးလိမ်ကျွေးပြီး ဖမ်းဆီးတာတွေဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာ အယောက် ၄၀၀ ကျော် ဖမ်းဆီးခံရပြီး ကျန်တဲ့လတွေမှာ ပျှမ်းမျှ အယောက် ၁၀၀ ကျော်အထိ ဖမ်းခံခဲ့ရကာ ဖမ်းခံရမှုများတဲ့မြို့နယ်တွေကတော့ သာကေတ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ အင်းစိန်၊ လှိုင်၊ တာမွေ၊ ကြည့်မြင်တိုင်နဲ့ တခြားမြို့နယ်တွေ ဖြစ်ပါတယ်။

စစ်မှုထမ်း သင်တန်းအနေနဲ့ ၂၀၂၅ အတွင်း အမှတ်စဥ် ၉ ကနေ ၂၀ အထိရှိလာပြီး အမှတ်စဥ် တခုကို ပျှမ်းမျှ အယောက် ၅၀၀ လောက်အထိ တပ်သားသစ်အနေနဲ့ စုဆောင်းဖမ်းဆီးခံခဲ့ရတာတွေရှိတယ်လို့ RSN က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013