DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့်မြို့နယ်များ၌ လုံခြုံရေးတင်းကျပ် 
DVB
·
January 24, 2026
ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့်မြို့နယ်များ၌ လုံခြုံရေးတင်းကျပ် 
Donate to DVB

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမဲ့ မြို့နယ်တွေရဲ့ မဲရုံနေရာတွေကို လုံခြုံရေး တင်းကျပ်ချထားပြီး ကြိုတင်မဲပေးတဲ့သူတွေက ပိုများနေတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမှာဖြစ်ပြီး နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေကလည်း မနေ့က နောက်ဆုံးဖြစ်တာကြောင့် မဲဆွယ်ဆိုင်းပုဒ်တွေနဲ့ ကြော်ငြာတွေကို အပြီး ဖြုတ်သိမ်းရမှာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲ အပိုင်း ၃ ကို တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကျော်မှာ လုပ်မှာဖြစ်လို့ စစ်တပ်လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေဟာ အဲဒီမြို့နယ်တွေရဲ့ မဲရုံဧရိယာတွေကို လုံခြုံရေး တင်းကျပ်ထားတယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကြိုတင်မဲပေးတဲ့သူဦးရေဟာ အဆမတန်များပြားနေတာကြောင့် မဲပေးမဲ့နေ့မှာ မဲရုံကို မဲလာပေးမဲ့သူ မရှိသလောက်နည်းနိုင်တယ် ရွေးကောက်ပွဲအပိုင်း ၃ မှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ကျန်နေသေးတဲ့ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ တွေမှာ ကြိုတင်မဲပေးတာတွေက  မဲမသမာမှုတွေကို ဖြစ်စေတာကြောင့် အခုကျင်းပမယ့် အပိုင်း ၃ မှာ အဲလိုထပ်မဖြစ်စေချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောပါတယ်။

ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက မဲနေရာအများစုရရှိထားပြီး အစိုးရဖွဲ့နိုင်တဲ့ အချိုးစားကိုရရှိထားပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲအပိုင်း ၁ မှာ မဲလာပေးသူ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ အပိုင်း ၂ မှာ ၅၅ ဒသမ ၉၅ ရာခိုင်နှုန်းထိ ရှိခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကတော့  အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

မလေးရှားနိုင်ငံကလည်း ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်သလို အာဆီယံအနေနဲ့လည်း တရားဝင် အသိအမှတ်ပြုမှု ပေးမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ 

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013