DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင်ဆေးခန်းဖွင့်သည့် မြန်မာလင်မယား ဖမ်းဆီးခံရ 
DVB
·
January 23, 2026
ရနောင်းတွင် တရားမဝင်ဆေးခန်းဖွင့်သည့် မြန်မာလင်မယား ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ တရားမဝင်ဆေးခန်းဖွင့်လှစ်ထားတဲ့ မြန်မာလင်မယား ၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ ပါကျန်အုပ်စု နယ်မြေ ၈ ရှိ ရာဘာခြံထဲမှာ တရားမဝင် ဆေးခန်းဖွင့်လှစ်ထားကြောင်း သတင်းပေးချက်ရတဲ့အတွက် အမှတ် ၂၅ တပ် ထိပ်ဆသရီစစ်ကြောင်းက တပ်ဖွဲ့ဝင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ နယ်မြေခံအုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေရာကို ဇန်နဝါရီ ၂၂ ရက်က သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရာဘာတောထဲက ဆေးခန်းမှာ ဆိုင်းဘုတ်တပ်ထားခြင်းမရှိပေမဲ့ နိုင်ငံခြားဖြစ်ဆေးဝါး၊ မြန်မာပြည်ထုတ်ဆေးဝါးနဲ့ ဆေးထိုးအပ်၊ နားကြပ် အစရှိတဲ့ ဆေးကုသကိရိယာတွေပါ တွေ့ရှိတဲ့အပြင် အဆိုပါနေရာနဲ့ မနီးမဝေး တောထဲမှာလည်း ဆေးဝါးအမျိုးမျိုး၊ ဓာတ်ဆားရည်၊ ဆေးထိုးအပ် စတဲ့ ကုသရေးဆိုင်ရာပစ္စည်း အမျိုးပေါင်း ၁၂၀ ကို သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

ဆေးခန်းဖွင့်လှစ်သူမှာ ဦးမိုးဝင်း (၄၃ နှစ်) နဲ့ ဒေါ်ကြည်ကြည်ဌေး (၄၅ နှစ်) တို့ဖြစ်ပြီး အဆိုပါ ရာဘာခြံထဲမှာ ရာဘာခြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားကတ်နဲ့ နေထိုင်ကြတယ်။ ဒေါ်ကြည်ကြည်ဌေးဟာ အရင်က မြန်မာပြည်မှာ သူနာပြုလုပ်ခဲ့ဖူးပြီး ထိုင်းဆေးရုံဆေးခန်းသွားဖို့ အဆင်မပြေတဲ့ မြန်မာလုပ်သားအချင်းချင်း ပြန်ကုသပေးနေတာလို့ ဆိုပါတယ်။

ဒါပေမဲ့ တာဝန်ရှိသူတွေက သူတို့ ၂ ယောက်ကို ရွှေ့ပြောင်းလုပ်သားတွေအတွက် တားမြစ်ထားတဲ့ အလုပ်ကို လုပ်ကိုင်မှုနဲ့ အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အလားတူ ဇန်နဝါရီ ၂၁ ရက်ကလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မဲဆောက်-မယ်တော် လမ်းမကြီးပေါ်မှာ အမျိုးသားဆံသဆိုင်ဖွင့်ထားတဲ့ အသက် ၃၅ နှစ်အရွယ် မြန်မာလုပ်သားတယောက်နဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတဲ့ မြန်မာအမျိုးသား ၂ ယောက်တို့ ဖမ်းဆီးခံခဲ့ရတယ်လို့ မဲဆောက်-တာ့ခ် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Khaosod / Maesod -Tak News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013