DVB Logo
Home
နိုင်ငံတကာ
မိုးမျှော်အဆောက်အအုံများ ပါဝင်မည့် နယူးဂါဇာ စီမံကိန်း ထရမ့်ပ်သမက် မိတ်ဆက်
DVB
·
January 23, 2026
မိုးမျှော်အဆောက်အအုံများ ပါဝင်မည့် နယူးဂါဇာ စီမံကိန်း ထရမ့်ပ်သမက် မိတ်ဆက်
Donate to DVB

ထောင်းလမောင်းကြေ ပျက်စီးနေတဲ့ ပါလက်စတိုင်းနယ်မြေကို မိုးမျှော်အဆောက်အအုံတွေ ပါဝင်တဲ့ နယူးဂါဇာ (New Gaza) အဖြစ် ပြန်လည်တည်ဆောက်မဲ့ အစီအစဉ်ကို အမေရိကန်က ပြသခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမက်ဖြစ်သူ ဂျရတ်ကုရှ်နာ တို့က ဒီအစီအစဉ်ကို ချပြခဲ့ကြတာပါ။

စီမံကိန်းပုံစံငယ်တွေအရ မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက် မိုးမျှော်တိုက်တွေ၊ ရာဖာဒေသမှာ လူနေအိမ်ရာတွေနဲ့ စက်မှုဇုန်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

“ကျနော်က အိမ်ခြံမြေသမားပါ၊ ဒီနေရာက တကယ့်ကို နေရာကောင်းဖြစ်ပြီး သိပ်လှတဲ့ နေရာလေးပါ” လို့ သမ္မတ ထရမ့်ပ်က ပြောပါတယ်။

ဒါပေမဲ့ ဂါဇာက ပါလက်စတိုင်းတွေကို အိမ်နီးချင်းနိုင်ငံတွေဆီ အပြီးတိုင် ရွှေ့ပြောင်းပြီး ဒီဒေသကို အရှေ့အလယ်ပိုင်းရဲ့ အပန်းဖြေကမ်းခြေအဖြစ် ပြောင်းလဲပစ်မယ်လို့ ထရမ့်ပ် အရင်က ပြောခဲ့ဖူးတာကြောင့် နိုင်ငံတကာမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

နယူးရာဖာ (New Rafah) မြို့သစ်ကို ၂ နှစ်ကနေ ၃ နှစ်အတွင်း အပြီးတည်ဆောက်နိုင်မယ်လို့ ကုရှ်နာက ခန့်မှန်းထားပါတယ်။

စစ်ပွဲကာလအတွင်း ဂါဇာမှာ အဆောက်အအုံ ၈၁ ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး လူပေါင်း ၇၁,၅၆၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး ယူထားပေမဲ့ ဇန်နဝါရီ ၂၂ ရက်က အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် ဂါဇာမှာ လူ ၂၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ လက်နက်ဖြုတ်သိမ်းရေး စတင်နေပြီလို့ အမေရိကန်ဘက်က ပြောပေမဲ့ အဖွဲ့ဘက်ကတော့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့် မရမချင်း လက်နက်စွန့်လွှတ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013