DVB Logo
Home
အားကစား
ပရိသတ် ၈၀၀၀၀ ကျော်ရှေ့မှောက် အမ်ဘာပေကို ရီးရဲလ်မိတ်ဆက်
DVB
·
July 17, 2024
ပရိသတ် ၈၀၀၀၀ ကျော်ရှေ့မှောက် အမ်ဘာပေကို ရီးရဲလ်မိတ်ဆက်
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူးသစ် အမ်ဘာပေကို ပရိသတ်ပေါင်း ၈၀၀၀၀ ကျော်ရှေ့မှောက်မှာ တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။

ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့တဲ့ မက်ဒရစ်ကလပ်ဟာ ယူရိုပြိုင်ပွဲအပြီးမှာ တရားဝင်စာချုပ် ချုပ်ဆိုပြီး အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့တာပါ။

အမ်ဘာပေဟာ ကျောနံပါတ် ၉ ဂျာစီဝတ်ဆင်ပြီး ဥရောပချန်ပီယံလိဂ်ဆုဖလား ၁၄ လုံးတန်းစီ ချထားတဲ့ ကွင်းထဲကို ဝင်ပြီးပရိသတ်တွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။

အမ်ဘာပေနဲ့အတူ သူရဲ့မိဘတွေလည်း ကွင်းထဲကိုဝင်ရောက်ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့က ငယ်ဘဝအိပ်မက်ဖြစ်ပြီး အသင်းရဲ့ မျှော်မှန်းချက်တွေအတွက် အစွမ်းကုန် ပေးဆပ်ကစားသွားမယ်လို့ ကတိပေးကြောင်း အမ်ဘာပေက ပြောသွားပါတယ်။

အမ်ဘာပေဟာ မက်ဒရစ်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပီအက်စ်ဂျီ မှာ တနှစ်လုပ်ခပေါင် ၂၁ ဒသမ ၄ သန်းအထိ ရရှိခဲ့ပေမဲ့ ရီးရဲလ်အသင်းမှာတော့ ပေါင် ၁၂ ဒသမ ၈ သန်းသာ ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013