DVB Logo
Home
နိုင်ငံတကာ
iPhones အသစ် စက်တင်ဘာလအတွင်း မိတ်ဆက်မည်
DVB
·
August 24, 2024
iPhones အသစ် စက်တင်ဘာလအတွင်း မိတ်ဆက်မည်
Donate to DVB

Apple ဟာ စက်တင်ဘာ ၁၀ ရက်မှာ အကြီးဆုံးကုန်ပစ္စည်းမိတ်ဆက်ပွဲပြုလုပ်ဖို့ စီစဉ်နေတယ် လို့ Bloomberg က ဖော်ပြပါတယ်။  အဲဒီပွဲမှာ နောက်ဆုံးပေါ် iPhone, Watches, Airpod တို့ကို ပြသဖို့ရှိပါတယ်။ 

လက်ရှိအချိန်မှာ Apple ဟာ ပစ္စည်းသစ်မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး ရက်အတိကျကိုတော့ ထုတ်ပြန် ကြေညာတာမျိုး မရှိသေးပါဘူး။ 

Apple ဟာ စက်တင်ဘာ ၂၀ ရက်မှာ အသစ်ထုတ် iPhone တွေ ရောင်းချဖွယ်ရှိတယ်လို့ သတင်းထွက်နေပေမဲ့ ဒီသတင်းတွေကိုတော့ မှတ်ချက်ပေးတာမျိုး မရှိပါဘူး။ 

iPhone 16 စီးရီးမှာ ပြောင်းလဲမှုကြီးကြီးမားမားပြုလုပ်မယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားပြီး iPhone တွေအတွက် Software Upgrade  ပြုလုပ်မှုလည်း ပါဝင်မယ်လို့ ခန့်မှန်းပါတယ်။ Software Upgrade မှာ AI Features တွေပါဝင်မယ်လို့ ယူဆနေကြပါတယ်။ 

ပြိုင်ဘက် Samsung ကုမ္ပဏီက အလားတူ ဝန်ဆောင်မှုမျိုး ပေးထားတာကြောင့် Apple ရဲ့ Product အသစ်တွေထဲမှာ Feature တွေပိုပါလာမယ်လို့ ဟောကိန်းထုတ်နေကြတာဖြစ်ပါတယ်။ 

Apple ရဲ့ တရုတ်ဈေးကွက်က တတိယ ၃ လပတ်မှာ ရောင်းအားကျဆင်းနေတာကြောင့် သုံးစွဲ သူတွေကို AI နဲ့ ဆွဲဆောင်မှာဖြစ်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။ 

တရုတ်နိုင်ငံဟာ Apple အတွက် တတိယအကြီးဆုံး ဈေးကွက်ဖြစ်ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်း ရောင်းအားကျ ဆင်းခဲ့တာဖြစ်ကာ ခန့်မှန်းထားတဲ့ ရောင်းအားကျဆင်းမှု ၂ ဒသမ ၄ ရာခိုင်နှုန်းထက် ပိုများနေတာပဲဖြစ်ပါတယ်။

ဇွန်လက ကျင်းပခဲ့တဲ့ Developer နှစ်ပတ်လည်ညီလာခံမှာ Apple က AI နည်းပညာကို ဖော်ပြခဲ့ပြီး Apple Intelligence နည်းပညာသစ်ကို ဖုန်းဆော့ဝဲလ်တွေမှာ အသုံးပြုမှာဖြစ်ပါတယ်။

အဲဒီနည်းပညာသစ်က Siri အပါ အဝင် OpenAI ရဲ့ ChatGPT ကိုလည်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ AI features တွေက iPhone ရောင်းချမှုကို တိုးတက်စေဖို့ Apple ကုမ္ပဏီက အလေးထားတယ်လို့ သုံးသပ်သူ တချို့က ဆိုပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013