DVB Logo
Home
မြန်မာသတင်း
COSTEC စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်လိုက်သဖြင့် ဆန္ဒပြ
DVB
·
January 22, 2026
COSTEC စက်ရုံ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်လိုက်သဖြင့် ဆန္ဒပြ
Donate to DVB

COSTEC အထည်ချုပ်စက်ရုံမှ အလုပ်သမား သမဂ္ဂခေါင်းဆောင်ကို အလုပ်ထုတ်လိုက်တာကို လက်မခံတဲ့ အလုပ်သမားတွေက ဇန်နဝါရီ ၂၂ ရက်မှာ လုပ်ငန်းခွင်အတွင်း တောင်းဆိုမူတွေ လုပ်နေတယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။

COSTEC စက်ရုံရဲ့ အခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုကျော်ကျော်လတ်ကို လုပ်ငန်းရှင်က စည်းကမ်းမလိုက်နာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇန်နဝါရီ ၂၁ ရက်မှာ အလုပ်ထုတ်လိုက်တဲ့အပေါ် လက်မခံတဲ့ အလုပ်သမားတွေက စုပေါင်းတောင်းဆိုနေကြတာလို့ ဆိုပါတယ်။

COSTEC စက်ရုံ အလုပ်သမားတယောက်က “အလုပ်ရှင်ရဲ့ မတရားတဲ့လုပ်ရပ်ကို မကျေနပ်လို့ အလုပ်တွေရပ်ပြီး တောင်းဆိုကြတာ။ ထိရောက်တဲ့ ဖြေရှင်းမှုကို လိုချင်တာ” လို့ ပြောပါတယ်။

COSTEC အထည်ချုပ်စက်ရုံကို ရွှေပြည်သာစက်မှုဇုန်မှာ ဖွင့်ထားတာဖြစ်ပြီး အလုပ်သမား ၁,၀၀၀ နီးပါး နဲ့ လည်ပတ်နေကာ မကြာခင်ကရက်ပိုင်းက လုပ်ခလစာ လျော့နည်းသွားတာနဲ့ ပတ်သက်လို့လည်း အလုပ်သမားတွေ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီစက်ရုံမှာ အလုပ်ရှင် အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် အလုပ်သမားတွေရဲ့ လုပ်ခ ကျပ် ၁ သိန်းခွဲနီးပါး လျော့နည်းသွားတာ ဖြစ်ပြီး လုပ်ငန်းရှင်ဘက်က လုပ်ခပေးချေတဲ့စနစ် အပြောင်းအလဲကြောင့်လို့ အကြောင်းပြသလို အလုပ်သမားတွေကို လက်ခံသဘောတူညီကြောင်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

စက်ရုံက လက်မှတ်ထိုးခိုင်းတာကို အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ဖြစ်တဲ့ ကိုကျော်ကျော်လတ်က ငြင်းဆန်ခဲ့တဲ့အတွက် စည်းကမ်းမလိုက်နာဘူးဆိုပြီး အကြောင်းပြကာ အလုပ်ထုတ်လိုက်တာလို့ အလုပ်သမားတွေဆီက သိရပါတယ်။

COSTE စက်ရုံအနေနဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်ကို အလုပ်ထုတ်တာအပြင် အလုပ်သမားတွေဆီက ဖြတ်တောက်ထားတဲ့ လုပ်ခကိုလည်း တလနီးပါးကြာတဲ့အထိ ပြန်ပြီး ပေးချေတာ မရှိသေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013