DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ထရမ့်ပ်၏ဖိတ်ကြားချက်အပေါ် ပူတင် တုံ့ပြန် 
DVB
·
January 22, 2026
ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ထရမ့်ပ်၏ဖိတ်ကြားချက်အပေါ် ပူတင် တုံ့ပြန် 
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖိတ်ကြားချက်ကို လက်ခံဖို့ ဆုံးဖြတ်ချက်မချမီ အမေရိကန်က ပိတ်ဆို့ထားတဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၁ ဘီလီယံကို ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဆီပေးနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇန်နဝါရီ ၂၁ရက်မှာ ပြောပါတယ်။

ပူတင်က ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း အမေရိကန်ရဲ့ အဆိုပြုချက်အပေါ် မှတ်ချက်ပေးခဲ့တာပါ။

ရုရှားရဲ့ ပါလက်စတိုင်းပြည်သူတွေနဲ့ အထူးဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရင်း ငြိမ်းချမ်းရေးကောင်စီရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခြင်းဆိုင်ရာ ပြဿနာကို ကျနော်တို့ မဆုံးဖြတ်မီ အရင်အမေရိကန်အစိုးရလက်ထက်က ပိတ်ဆို့ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၁ ဘီလီယံကို 'ငြိမ်းချမ်းရေးဘုတ်အဖွဲ့အတွက် ပေးပို့နိုင်တယ် ထင်တယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားသမ္မတက ဂရင်းလန်းဆိုင်ရာ ထရမ့်ပ်ရဲ့ နောက်ဆုံး ကြေညာချက်အကြောင်းလည်း ပြောခဲ့ပြီး ဂရင်းလန်းကျွန်းရဲ့ ဈေးနှုန်းကို ဒေါ်လာ သန်း ၂၀၀-၂၅၀ လောက်လို့ ခန့်မှန်းခဲ့တာပါ။

၁၈၆၇ ခုနှစ်မှာ ရုရှားအင်ပါယာက အမေရိကန်ဆီ အလက်စကာကျွန်းကို ရောင်းချမှုဈေးနှုန်းကို နှိုင်းယှဉ်တွက်ချက်ပြခဲ့ပါတယ်။

အဲဒီအချိန်က ရွှေဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် ကိန်းဂဏန်းက ပိုမြင့်မှာဖြစ်ပြီး တစ်ဘီလီယံနီးပါး ဖြစ်နိုင်ခြေရှိတယ်၊ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုကလည်း ဒီကိန်းဂဏန်းကို ကိုင်တွယ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်လို့ ပူတင်က ထပ်ပြောပါတယ်။ 

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013