ရုရှားသမ္မတ ဗလာဒီမာပူတင်က SpaceX ကုမ္ပဏီပိုင်ရှင် အီလွန်မတ်စ်ခ်ဟာ “တကယ့်ဉာဏ်ကြီးရှင်” ဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်လို့ မတ်စ်ခ်နဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
မော်စကိုမြို့မှာ ကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီးညီလာခံမှာ ရုရှားရဲ့ Rassvet ဂြိုဟ်တု အင်တာနက်စနစ်ကို ကြည့်ရှုရင်း ပူတင်က အခုလို ပြောခဲ့တာပါ။
“အီလွန်မတ်စ်ခ်က ဉာဏ်ကြီးရှင်ပါ၊ တကယ့်ဉာဏ်ကြီးရှင်ပါ” လို့ ပူတင်က ချီးကျူးခဲ့ပါတယ်။
မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီပိုင် Starlink ဟာ ဂြိုဟ်တုထောင်ပေါင်းများစွာကို အသုံးပြုပြီး ကမ္ဘာတဝန်း အင်တာနက်ဝန်ဆောင်မှု ပေးနေတာပါ။
ရုရှားကတော့ Starlink ကို ယှဉ်ပြိုင်ဖို့ Rassvet ဂြိုဟ်တုအင်တာနက်စနစ်ကို တည်ဆောက်နေပြီး လက်ရှိမှာ ဂြိုဟ်တုအစင်း ၃၀ ကျော်သာ လွှတ်တင်ထားနိုင်သေးပါတယ်။
အာကာသပတ်လမ်းမှာ ဂြိုဟ်တုတွေ အချင်းချင်း အနှောင့်အယှက်မဖြစ်စေဖို့ မတ်စ်ခ် အပါအဝင် အမေရိကန်မိတ်ဖက်တွေနဲ့ နီးနီးကပ်ကပ် ဆက်သွယ်နေတယ်လို့ ပူတင်က ပြောပါတယ်။
နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ ရှိနေပေမဲ့ အမေရိကန်နဲ့ အာကာသနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။
တဖက်မှာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ Starlink နဲ့ စစ်ဘက်သုံး Starshield စနစ်တွေကို ဆက်သွယ်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးတွေမှာ အဓိက အသုံးပြုနေကြတာပါ။
ဒါပေမဲ့ အောက်တိုဘာလလယ်က Starlink နဲ့ Starshield အင်တာနက်မြန်နှုန်းတွေ ကန့်သတ်ခံခဲ့ရလို့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ထိခိုက်ခဲ့ပါတယ်။
Starlink အင်တာနက်မြန်နှုန်းကို SpaceX က ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ခဲ့တယ်လို့ မတ်စ်ခ်က ဝန်ခံခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်မှာတော့ ဝန်ဆောင်မှုတွေ ပုံမှန်ပြန်ဖြစ်လာပြီလို့ ယူကရိန်းက ပြောပါတယ်။
Source: Reuters











