DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့ကို အမှုဖွင့်
DVB
·
January 21, 2026
သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့ကို အမှုဖွင့်
Donate to DVB

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ Sex Dance ကခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ ၂၉၄/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ  သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်က ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ပြည်လမ်းရှိ Novotel Hotel Yangon Ballroom ခန်းမမှာ ပြုလုပ်တဲ့ Cloud Seven Production & Entertainment ရဲ့ တည်ထောင်သူ CEO ကိုဇွဲခန့်အောင်ရဲ့ မွေးနေ့ပွဲမှာ Sex Dance ကခဲ့တယ်ဆိုပြီး သင်ဇာဝင့်ကျော်နဲ့အဖွဲ့ကို ကမာရွတ်မြို့မရဲစခန်း စခန်းမှူး ဘတိုးက အမှုဖွင့်ခဲ့တာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

“စခန်းမှူးက ဇန်နဝါရီလ ၁၈ ရက်က တရားစွဲထားတယ်။ သင်ဇာဝင့်ကျော်ရော Sex Dance ကတဲ့ အဖွဲ့ရော တရားစွဲရတဲ့အကြောင်းအရင်းက Sex Dance အကဆိုတာထက် ခွင့်ပြုချက်မရှိဘဲ ပွဲလုပ်လို့၊ ပွဲလုပ်မယ်ဆို ဌာနဆိုင်ရာနဲ့ ရဲစခန်းမှာ ခွင့်ပြုချက်တင်ရမှာ၊ ပါမစ်မရှိဘဲ ပွဲလုပ်လို့ အမှုဖွင့်တာ၊ ဖမ်းဆီးထားတာတော့ မရှိသေးဘူး။”

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အဖွဲ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အများပြည်သူ အမြင်မတင့်တယ်ဖွယ်ရာ အဝတ်အစားတွေ ဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့အကနဲ့ ကပြဖျော်ဖြေတယ်ဆိုပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက ဖမ်းဆီးဖို့ ဖိအားပေးတာကြောင့် တရားစွဲဆိုရတဲ့အဆင့်ထိ ရောက်သွားတာလို့ အနုပညာအသိုက်အဝန်းက ပြောပါတယ်။

“အဲဒီပြဿနာဖြစ်တော့ ရုပ်ရှင်အစည်းအရုံးက သင်ဇာဝင့်ကျော်ကို ခေါ်ပြီး ခံဝန်ထိုးခိုင်းပြီးပြီး ဒါကို ဘောမတွေက မဖမ်း ဖမ်းအောင် ဖိအားတွေ အရမ်းပေးနေတော့ စခန်းက အမှုဖွင့်လိုက်တာ။ ပြန်လွတ်တာတောင် မကြာသေးဘူး။ ကိုယ်စာချင်းစာတရားရှိရမှာ မလုပ်သင့်ဘူး။”

မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်တုန်းကလည်း အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ-၃၃(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ  ၄ ရက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013