DVB Logo
Home
မြန်မာသတင်း
အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး
DVB
·
January 20, 2026
အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုဖြင့် ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး
Donate to DVB

အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ အသင်းသူ အသက်မပြည့်သေးတဲ့ မိန်းမငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရဲတွေက ဇန်နဝါရီ ၁၇ ရက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“အသင်းဝင်ကလေးမလေးကို လှိုင်သာယာဘက်မှာ ပရဟိတကိစ္စ ကူညီစရာရှိတယ်လို့ လိမ်ခေါပြီး သူ့အိမ်မှာ မုဒိမ်းကျင့်တာ ၃ ကြိမ်လောက်ရှိတယ်။ ပြန်ပြောရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်တော့ ကလေးမလေးက မပြောရဲဘူး။ ဖြစ်စဥ်က ၁ ရက်နေ့ဖြစ်တာ၊ ၁၆ ရက်မှ ကလေးမက သူမိသားစုကို ပြန်ပြောမှ အမှုဖွင့်တာ။ ၁၇ ရက်နေ့က လာဖမ်းသွားတယ်။” 

ရဲတွေက ဖမ်းဆီးစစ်ဆေးပြီးနောက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုတဲ့အပြင် CID က ရရှိထားတဲ့ ဆေးစာတွေမှာလည်း မှန်ကန်တာကြောင့် ပုဒ်မ ၃၇၆ အရ ဒဂုံမြို့သစ်ခရိုင်တရားရုံကို တရားစွဲဆိုတင်ပို့ခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“မနေ့ကပဲ ခရိုင်တရားရုံးမှာ ပုဒ်မ ၃၇၆ နဲ့ အမှုတင်လိုက်တယ်။ ပြောချင်တာက ပရဟိတပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် အသက်မပြည့်သေးတဲ့ အမျိုးသမီငယ်တွေကို စိတ်ချပြီး လွှတ်မထားသင့်ဘူး။” 

အဆိုပါ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဒဂုံမြို့သစ်ခရိုင်တရားရုံးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ စတင်စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013