DVB Logo
Home
နိုင်ငံတကာ
ဗီယက်နမ် စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်းကျော်ရှိရန် ရည်မှန်း 
DVB
·
January 20, 2026
ဗီယက်နမ် စီးပွားရေးတိုးတက်မှု ၁၀ ရာခိုင်နှုန်းကျော်ရှိရန် ရည်မှန်း 
Donate to DVB

ကမ္ဘာ့စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေကြား ဗီယက်နမ်နိုင်ငံရဲ့  စီးပွားရေးတိုးတက်မှုကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းနဲ့အထက် ရှိနေစေရမယ်လို့ ထိပ်တန်းခေါင်းဆောင်ဖြစ်သူ တိုလမ်က ကတိပြုလိုက်ပါတယ်။

ဒါဟာ ဇန်နဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိ ဟနွိုင်းမြို့တော်မှာ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့  ညီလာခံကို တပတ်ကြာ ကျင်းပနေချိန်လည်း ဖြစ်ပါတယ်။

ဒီညီလာခံကနေ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ ပါတီအကြီးအကဲ နေရာကို ရွေးချယ်သွားမှာဖြစ်တဲ့အပြင် ၂၀၃၀ ပြည့်နှစ်အထိ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေပါ ချမှတ်ဖို့ရှိနေပါတယ်။

အဲဒီနောက် ပါတီကနေ ညီလာခံကို တင်သွင်းခဲ့တဲ့ စာတမ်းထဲမှာလည်း နှစ်အလိုက် တိုးတက်မှုနှုန်းဟာ ၁၀ ရာခိုင်နှုန်းအောက် မလျော့ကျစေရဘူးဆိုပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။

 ၂၀၂၅ သြဂုတ်လတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဗီယက်နမ်နိုင်ငံကို ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပေမဲ့ တိုးတက်လာတဲ့ ပို့ကုန်တွေအပေါ် မဟန့်တားနိုင်ဘဲ ဝါရှင်တန်နဲ့ ကုန်သွယ်ရေးပိုငွေပြတဲ့အထိ စံချိန်တင်ခဲ့ပါတယ်။

ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ်ကတော့ နိုင်ငံရဲ့လွတ်လပ်မှုနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမှာဖြစ်သလို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးနဲ့ကုန်သွယ်ရေးချဲ့ထွင်နိုင်ဖို့အတွက် အစိုးရယန္တရားအဆင့်တွေလျှော့ချပြီး စီမံကိန်းတွေကို အတည်ပြုချက် မြန်မြန်ရအောင် ကြိုးပမ်းပေးမယ်လို့ ပါတီအကြီးအကဲဖြစ်သူက ဖြည့်စွက်ပြောပါတယ်။

အခုလိုမျိုး အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေကို အကြီးအကျယ် အကောင်အထည်ဖော်နေတာက စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေပေမဲ့လည်း ဘက်လိုက်မှုနဲ့ ဖြုန်းတီးမှု ရှိနေတယ်ဆိုတဲ့ စိုးရိမ်ချက်တွေလည်း မြင့်တက်လာပါတယ်။

ဒါကြောင့် အသက် ၆၈ နှစ်အရွယ်တိုလမ်က “ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အပါအဝင်ဒေသတွင်း၊ ဒေသပြင်ပနဲ့ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုတွေ အားကောင်းစေဖို့ရာ အခြေခံအဆောက်အအုံတွေကို မဖြစ်မနေ ဖွံ့ဖြိုးအောင်လုပ်ရမယ်"ဆိုပြီး အင်္ဂါနေ့အတွင်း ပါတီညီလာခံမှာ မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် တိုလမ်ကပဲ ပါတီအကြီးအကဲနေရာမှာ ဆက်ရှိခွင့်ရဖို့  ကြိုးပမ်းနေတဲ့အပြင် သမ္မတရာထူးကိုပါ ပြန်လည်ထမ်းဆောင်ဖို့ ရှိနေတယ်ဆိုပြီး ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013