
Zootopia 2 ရုပ်ရှင်ဟာ Inside Out 2 ရဲ့စံချိန်ကို ကျော်ဖြတ်ပြီး ဟောလိဝုဒ်သမိုင်းမှာ ဝင်ငွေအများဆုံး အန်နီမေးရှင်းရုပ်ရှင်အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝန်း ရုံတင်ငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရရှိခဲ့ပြီး Avatar နဲ့ Titanic တို့လို နာမည်ကြီးကားတွေရဲ့နောက် သမိုင်းတလျှောက် နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။
ဟောလိဝုဒ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပေမဲ့ တရုတ်အန်နီမေးရှင်းရုပ်ရှင် Ne Zha 2 (နဲကျား -၂ ) ကတော့ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ရရှိခဲ့လို့ ကမ္ဘာ့ဝင်ငွေအများဆုံး အန်နီမေးရှင်း အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ သန်း ၁၅၀ ရှိတဲ့ Zootopia 2 ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စတင်ရုံတင်ပြသခဲ့တာပါ။
ဒီဇာတ်ကားမှာ ယုန်ရဲအရာရှိ ဂျူဒီ ဟော့ပ်စ် နဲ့ မြေခွေး နစ်ခ် ဝိုင်းလ်ဒ်တို့ ပြန်ပေါင်းစည်းပြီး လူဆိုး ဂယ်ရီ ဒီစနိတ်ခ် ကို လိုက်လံဖမ်းဆီးကြပုံ ရိုက်ကူးထားပါတယ်။
Zootopia 2 ဟာ ရုံတင်ပြီး မကြာခင်မှာပဲ ဒေါ်လာ ၁ ဘီလီယံ အမြန်ဆုံးပြည့်ခဲ့တဲ့ ဟောလိဝုဒ် အန်နီမေးရှင်းရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Source:Reuters










