အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ခရစ်ပတိုကနေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ဝင်ငွေရခဲ့ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က မိသားစုစီးပွားရေးဖြစ်တဲ့ ခရစ်ပတိုလုပ်ငန်းကနေ ဝင်ငွေ ၁ ဘီလီယံကျော် ရခဲ့တာက သူ့ရဲ့ပေါ်လစီတွေကနေ ဒစ်ဂျစ်တယ်ရင်းနှီးမြှုပ်နှံမှုက အကျိုးအမြတ်တွေ အများကြီးရတာကို ပြသနေတယ်ဆိုတာ နောက်ဆုံးဘဏ္ဍာရေးစာရင်းမှာ ဖော်ပြနေပါတယ်။
၂၀၂၅ ခုနှစ်က ကျင့်ဝတ်ဆိုင်ရာရုံးကို ထရမ့်ပ် ပိုင်ဆိုင်မှုတွေ တင်သွင်းခဲ့ချိန်က သူ့သားနဲ့အတူ တည်ထောင်ထားတဲ့ ခရစ်ပတို ငွေကြေးလုပ်ငန်းဖြစ်တဲ့ World Liberty Financial က ဒေါ်လာသန်း ၅၀၀ ကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။
Trump meme coin တွေ ရောင်းချခဲ့တာကြောင့် ဒေါ်လာ ၆၃၅ သန်း ရရှိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထရမ့်ပ်ဟာ မီဒီယာတွေနဲ့ အမူကိစ္စရင်ဆိုင်ရင်းကနေ ဒေါ်လာ သန်း ၈၀ ကျော် ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး နိုင်ငံခြား အိမ်ခြံမြေလုပ်ငန်းတွေမှာ သူ့ကုမ္ပဏီလိုင်စင် အသုံးပြုခွင့် ပေးတာကနေလည်း ဒေါ်လာမီလီယံချီပြီး ရရှိခဲ့ပါတယ်။
ရိုက်တာသတင်းဌာနကရဲ့ ခန့်မှန်းချက်အရ ထရမ့်ပ်မိသားစုဝင်တွေဟာ ထရမ့်ပ် သမ္မတတာဝန် ပြန်ထမ်းဆောင်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထရမ့်ပ် ဝင်ငွေတိုးလာတယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ကို မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမဲ့ ချက်ချင်းပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











