DVB Logo
Home
နိုင်ငံတကာ
ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ဂျပန်ဝန်ကြီးချုပ် ကြေညာ 
DVB
·
January 20, 2026
ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ဂျပန်ဝန်ကြီးချုပ် ကြေညာ 
Donate to DVB

ဂျပန်နိုင်ငံမှာ အသုံးစရိတ်တိုးမြှင့်ဖို့၊ အခွန်လျှော့ချဖို့နဲ့ ဂျပန်ရဲ့ကာကွယ်ရေးတည်ဆောက်မှုကို အရှိန်မြှင့်တင်ဖို့ မျှော်လင့်ထားတဲ့ လုံခြုံရေးဗျူဟာအသစ်အတွက် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရှာဖို့ ဖေဖော်ဝါရီ ၈ ရက်မှာ ပြည်လုံးကျွတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်မှာ ဝန်ကြီးချုပ်အဖြစ် ကျမရဲ့ရပ်တည်ချက်ကို လောင်းကြေးထပ်ပါတယ်။ ဂျပန်ပြည်သူတွေအနေနဲ့ နိုင်ငံအုပ်ချုပ်မှုကို တာကာအိချိဆီ အပ်နိုင်၊ မအပ်နိုင် တိုက်ရိုက်ဆုံးဖြတ်ဖို့ ကျမတောင်းဆိုပါတယ်”လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

အစားအစာအပေါ် ၈ ရာခိုင်နှုန်း စားသုံးခွန်ကို ၂ နှစ်ကြာ ရပ်ဆိုင်းမယ်လို့ ကတိပြုခဲ့ပြီး သုံးစွဲမှု အစီအစဉ်တွေက အလုပ်အကိုင်တွေကို ဖန်တီးပေးမယ်၊ အိမ်ထောင်စုသုံးစွဲမှုကို မြှင့်တင်ပေးပြီး တခြားအခွန် ဝင်ငွေတွေကို တိုးမြှင့်ပေးမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ 

ဂျပန်အစိုးရရဲ့ ခန့်မှန်းချက်အရ အစိုးရဝင်ငွေကို တနှစ်မှာ ယန်းငွေ ၅ ထရီလီယံ (ဒေါ်လာ ၃၂ ဘီလီယံ) လျှော့ချမဲ့ စားသုံးမှုအခွန်လျှော့ချမှု အလားအလာကြောင့် တနင်္လာနေ့အစောပိုင်းမှာ ဂျပန်ရဲ့ ၁၀ နှစ်အစိုးရငွေချေးစာချုပ်တွေရဲ့ အထွက်နှုန်းက ၂၇ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ အောက်လွှတ်တော်က အမတ်နေရာ ၄၆၅ နေရာလုံးကို ဆုံးဖြတ်ပေးမှာပါ။  အောက်တိုဘာလမှာ ဂျပန်မှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပြီးတဲ့နောက်ပိုင်း တာကာအိချီရဲ့ ပထမဆုံး ရွေးကောက်ပွဲစမ်းသပ်မှုဖြစ်လာပါတယ်။

Source:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013