DVB Logo
Home
မြန်မာသတင်း
တရားမဝင် နိုင်ငံခြား‌‌‌‌ငွေရောင်းသူပေါင်း ၁,၃၀၀ ကျော်ကို အရေးယူ 
DVB
·
January 20, 2026
တရားမဝင် နိုင်ငံခြား‌‌‌‌ငွေရောင်းသူပေါင်း ၁,၃၀၀ ကျော်ကို အရေးယူ 
Donate to DVB

ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာပြီး၊ တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်းလုပ်တဲ့ လူပုဂ္ဂိုလ်ပေါင်း ၁,၃၄၂ ယောက်ရဲ့ ဘဏ်အကောင့်တွေကို ယာယီတားဆီးထားတယ်လို့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ ၁,၂၀၀ ကျော်ကို စောင့်ကြည့်စစ်ဆေးခဲ့ပြီးနောက်၊ အဆိုပါ Page တွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူ ၁,၃၀၀ ကျော်ကို ဆုံးရှုံးနိုင်ခြေအဆင့် မြင့်မားသူတွေ (High Risk) အဖြစ် သတ်မှတ်ကာ ငွေစာရင်းတွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အွန်လိုင်းပေါ်ကနေ USDT ငွေကြေး အရောင်းအဝယ်ပြုလုပ်သူ ၂၃၄ ယောက်ကိုလည်း အလားတူ အရေးယူထားပြီး၊ ၎င်းတို့နဲ့ ဆက်စပ်နေတဲ့ ဘဏ်စာရင်း ၆၀၀ ကျော်နဲ့ Mobile Wallet ၂၀၀ ကျော်ကို ပိတ်သိမ်းထားတယ်လို့ ဆိုပါတယ်။

USDT ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး လူ ၅ ယောက်ကိုတော့ တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ်ထားပြီး ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောထားပါတယ်။

အခုလို အရေးယူခံရတဲ့အထဲမှာ အွန်လိုင်းပေါ်က နာမည်ကြီး Page တွေဖြစ်တဲ့ “ငွေဈေးနှုန်းနှင့် ငွေလွှဲဆိုင်”၊ “Moe Latt”၊ “ရန်ကုန်ငွေဈေး”၊ “Gold Market Myanmar” စတဲ့ စာမျက်နှာတွေနဲ့ ပတ်သက်သူတွေ ပါဝင်နေပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ တရားမဝင် ငွေကြေးရောင်းဝယ်သူတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွေအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ပါ ဆက်လက်အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

ဟိုဘဏ်အနေနဲ့ အခုလို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေသလို တဘက်မှာလည်း ငွေလဲနှုန်း တည်ငြိမ်ရေးအတွက် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး စံချိန်တင် ထုတ်ရောင်းပေးနေရတာကို တွေ့ရပါတယ်။

အထူးသဖြင့် စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆက်သွယ်ရေးလို အရေးကြီးကဏ္ဍတွေအတွက် လိုအပ်တဲ့ ဒေါ်လာငွေကို ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ထုတ်ရောင်းခဲ့ရသလို၊ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဇန်နဝါရီ ၁၅ ရက်နေ့အထိ) မှာလည်း နောက်ထပ် ဒေါ်လာ ၃ ဘီလီယံကျော် ထပ်မံထုတ်ရောင်းပေးထားတယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေအတွက် Online Trading Platform ကနေတဆင့် ရောင်းချပေးမှု ပမာဏဟာလည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ သန်း ၃ ဘီလီယံ ကျော်၊ တရုတ်ယွမ် သန်း ၁,၀၀၀ ကျော်နဲ့ ထိုင်းဘတ် သန်း ၁၀,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီလို ထုတ်ရောင်းထားတာကြောင့် အမေရိကန်ဒေါ်လာဈေးဟာလည်း လပေါင်းများစွာ ၁ ဒေါ်လာ ၄,၀၀၀ ကျော်မှာပဲ ငြိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013