DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားအစိုးရနှင့် ကာ့ဒ်တပ်ဖွဲ့များ အပစ်ရပ်ပြီး ပေါင်းစည်းရေး သဘောတူ
DVB
·
January 19, 2026
ဆီးရီးယားအစိုးရနှင့် ကာ့ဒ်တပ်ဖွဲ့များ အပစ်ရပ်ပြီး ပေါင်းစည်းရေး သဘောတူ
Donate to DVB

ဆီးရီးယားအစိုးရဟာ ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF)နဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ တပ်ပေါင်းစည်းရေး သဘောတူညီချက် ရရှိပြီလို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။

ဒါကြောင့် သီတင်း ၂ ပတ်နီးပါး တိုက်ခိုက်မှုတွေ အဆုံးသတ်နိုင်ခဲ့ပြီး သမ္မတ အာမက်အယ်လ်ရှာရာ လက်အောက်မှာ ဆီးရီးယားတနိုင်ငံလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်လိုက်တာလည်း ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ SDF အဖွဲ့ကို ဆီးရီးယားစစ်ဘက်နဲ့ အစိုးရအဖွဲ့အစည်းတွေထဲကို ပေါင်းစည်းဝင်ရောက်စေမဲ့ ၁၄ ချက်ပါ သဘောတူညီချက်ထဲက တချက်ဖြစ်ပါတယ်။

အခုသဘောတူညီချက်ကြောင့် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ် ၃ ခုအပေါ်မှာ ဆီးရီးယားနိုင်ငံတော် အင်စတီကျူးရှင်းတွေက ပြန်လည်ထိန်းချုပ်နိုင်တော့မှာဖြစ်တယ်လို့ သမ္မတ အယ်လ်ရှာရာက အတည်ပြုပါတယ်။

အယ်လ်ရှာရာနဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် တွမ်ဘာရက်တို့ တွေ့ဆုံအပြီးမှာ အခုကြေညာချက်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

SDF တပ်မှူး မက်ဇ်လွန်အက်ဘ်ဒီလည်း အဲဒီအစည်းအဝေးတက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ဇန်နဝါရီ ၉ ရက်မှာမှ မြို့တော် ဆာနာအာကို ရောက်ရှိမှာ ဖြစ်ပါတယ်။

အက်ဘ်ဒီကလည်း ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပြီး သသဘောတူညီချက်အသေးစိတ်ကို မြို့တော်က ပြန်လာရင် မျှဝေမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကာ့ဒ်တပ်ဖွဲ့တွေဟာ ဆီးရီးယားပြည်တွင်းစစ်ကာလတလျှောက် ဆယ်စုနှစ် တခုနီးပါး ကိုယ်ပိုင်အုပ်ချုပ်နေကြတာဖြစ်ပါတယ်။

အမေရိကန်က အဓိကပံ့ပိုးပေးထားပြီး အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရာမှာ ပြည်တွင်းမိတ်ဖက် ဖြစ်ခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013