DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ အခွန်ကောက်ခံရေး ခြိမ်းခြောက်မှုကြောင့် ရွှေနှင့် ငွေဈေး စံချိန်တင်ထပ် မြင့်တက်
DVB
·
January 19, 2026
ထရမ့်ပ်၏ အခွန်ကောက်ခံရေး ခြိမ်းခြောက်မှုကြောင့် ရွှေနှင့် ငွေဈေး စံချိန်တင်ထပ် မြင့်တက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂရင်းလန်းကျွန်းကို ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ဥရောပနိုင်ငံတွေအပေါ် အခွန်ထပ်ကောက်မယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်တက်လာလို့ ရင်းနှီးမြှုပ်နှံသူတွေက ဘေးကင်းတဲ့ ပိုင်ဆိုင်မှုတွေဆီ စုပြုံရောက်လာတဲ့အတွက် ဇန်နဝါရီ ၁၉ ရက်မှာ ရွှေနဲ့ ငွေဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ရွှေတအောင်စကို ၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ငွေတအောင်စကို ၄ ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင် စျေးမြင့်တက်ခဲ့တာပါ။

ရွှေတအောင်စကို ဒေါ်လာ ၄,၆၈၉ ဒသမ ၃၉ထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ငွေတအောင်စကို ဒေါ်လာ ၉၄ ဒသမ ၀၈ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုကို ဂရင်းလန်းကျွန်းကို ဝယ်ယူခွင့်ပြုတဲ့အထိ ဥရောပမဟာမိတ်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ဇန်နဝါရီ ၁၇ ရက်မှာ ကတိပြုခဲ့တာပါ။

ဒါကြောင့် ဒိန်းမတ်နိုင်ငံရဲ့ ကျယ်ပြန့်တဲ့ အာတိတ်ကျွန်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။

ဥရောပမဟာမိတ်တွေအပေါ် အခွန်မကောက်အောင် ထရမ့်ပ်ကို တားဆီးရေး ကြိုးပမ်းချက်တွေကို အရှိန်မြှင့်တင်ဖို့နဲ့ အခွန်ကောက်တာတွေ ဆက်လုပ်မယ်ဆိုရင် လက်စားချေတဲ့ အစီအမံတွေကိုလည်း ပြင်ဆင်ဖို့ ဥရောပသမဂ္ဂ သံအမတ်ကြီးတွေအကြား ဇန်နဝါရီ ၁၈ ရက်မှာ ကျယ်ပြန့်တဲ့ သဘောတူညီချက်တရပ် ရရှိခဲ့တယ်လို့ EU သံတမန်တွေက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013