DVB Logo
Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းတွင် ရထားနှင့်ကားတိုက်မိပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ 
DVB
·
January 19, 2026
ထိုင်းတောင်ပိုင်းတွင် ရထားနှင့်ကားတိုက်မိပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါဝ်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၈ ရက်က  မီးရထားနဲ့ကား တိုက်မိပြီး ကားပေါ်က လူ ၁ ယောက် သေဆုံး၊ ၁ ယောက် ဒဏ်ရာရသွားတယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မနေ့ မနက် ၁၁ နာရီခွဲလောက်က ဆဒေါဝ်းမြို့နယ်၊ ထုန့်မော်အုပ်စု ဘန်ခွိုင်းရွာအနီးမှာ ရထားနဲ့ ကားတိုက်မိကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆဒေါဝ်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပြပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အဖြူရောင် အီဇူးစူးဟိုင်းလပ်စ်ကားတစီး ရထားသံလမ်းအနီးမှာ ပြင်းထန်စွာ အတိုက်ခံရပြီး ပျက်စီးနေတဲ့အပြင် လူ ၁ ယောက် သေဆုံး ၁ ယောက် ဒဏ်ရာရတယ်။ သေဆုံးသူမှာ နိုင်းထီရဆဒ် (၂၉ နှစ်) နဲ့ ဒဏ်ရာရသူမှာ နိုင်းဖာနု ဘိုစနစ် (၂၆ နှစ်) တို့ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့က ပါဒန်ဘေဆာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

သေဆုံးဒဏ်ရာရသူတွေဟာ ငွေတိုးချေးစားသူတွေ ဖြစ်ပြီး ရွာထဲကို နေ့တိုင်း ငွေလာကောက်တယ်၊ အဲဒီလမ်းကိုလည်း နေ့တိုင်း ဖြတ်သွားဖြတ်လာနေကြတယ်၊ ရထားလမ်းနားမှာလည်း သတိပေး ဆိုင်းဘုတ်ရှိတယ်၊ အဲဒီနေ့က သူတို့ ရွာထဲလာပြီးအပြန် ရထားလမ်း ရောက်တော့ ကားရပ်လိုက်တယ်။ အဲဒီနောက် အရှိန်နဲ့ခုတ်မောင်းလာတဲ့ ရထားက ဝင်တိုက်ပြီး အနီးအနား မီတာ ၁၀၀ လောက် လွင့်စဉ်သွားတယ်၊ ဘာကြောင့် ရထားလမ်းမှာ လာရပ်ရသလဲဆိုတာတော့ စဉ်းစားမရဘူးလို့ အနီးနားရှိ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

စီစီကင်မရာထဲမှာလည်း အဆိုပါကားဟာ ကားလမ်းပေါ် တည့်တည့်လာရပ်နေစဉ် ရထားက ဝင်တိုက်လိုက်တာကို အထင်အရှား တွေ့မြင်ရတယ်။ မတော်တဆထိခိုက်မှုဖြစ်ရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါမီးရထားမှာ ထိုင်းမီးရထားဌာန အတွဲအမှတ် ၉၄၈ ဖြစ်ပြီး ပါဒန်ဘေဆာ နဲ့ ဟတ်ယိုင်ကြား ပြေးဆွဲနေတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံတဝန်းလုံးမှာ ကားလမ်းနဲ့ ရထားလမ်းဆုံတဲ့ နေရာပေါင်း ၂,၄၀၀ ကျော်ရှိပြီး အခုလို ပြဿနာဖြစ်လေ့ရှိတဲ့နေရာ ၆၈၈ နေရာရှိတယ်၊ ယာဉ်ထိခိုက်မှုအန္တရာယ် လျှော့ချရေးအတွက် တားဂိတ်တွေ ဆက်လက်ပြုပြင်ဆောင်ရွက်နေတယ်လို့ မီးရထားဌာန တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

Source: MGROnline / ThaiPBS News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013