DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး 
DVB
·
January 19, 2026
ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး 
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်ဆင်ရေးတခုမှာ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားနဲ့အတူ ပျူစောထီးကျေးရွာ ၂ ရွာ ကို သိမ်းပိုက်ရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ ပြန်ကြားရေးတာဝန်ရှိသူက  “ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားကြတဲ့နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်စောပိုင်းကနေ Yawland Opreation စစ်ဆင်ရေးနာမည်နဲ့ စတင်ထိုးဆင်စစ်တိုက်ခိုက်နေတာဖြစ်ပြီးတော့ အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အထိ တိုက်ပွဲတွေအတွင်း စကစရဲ့ လေကြောင်းပစ်ကူတွေကြားထဲကနေ ပျူစောထီးရွာ ၂ ရွာကို သိမ်းပိုက်ရရှိထားပြီး​တော့ ရန်သူ့အလောင်း ၄၂ လောင်းလည်း တွေ့ရှိထားပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲသတင်းတွေကိုတော့ အခွင့်သင့်ရင်သင့်သလို ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ” လို့ ပြောပါတယ်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီလက်အောက်ခံတွေဆီကနေ G3 သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ခါးချိုးသေနတ် ၂ လက်၊ Jumber စက် ၁ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လခြမ်းမိုင်း ၃ ခု၊ ချိန်း ၁ ခု၊ G3 ကျည်အတောင့် ၆၀၊ ၇.၆၂ ကျည် ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁,၁၈၅ တောင့်၊ လက်ပစ်မိုင်း ၁ လုံး၊ စကားပြောစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ Yawland Opreation စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာရှိကြတဲ့ တပ်ရင်းတွေအပြင် ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း ၅ နဲ့ ၆၊ ဂန့်ဂေါခရိုင် ပကဖ၊ ဂန့်ဂေါမြို့နယ်နဲ့ ဆောမြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်းအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ် ပကဖတာဝန်ခံ ဆရာငြိမ်းက “ဂန့်ဂေါခရိုင်ထဲမှာ ဟံဟာဝတီပျူရွာတို့ မြောက်ခင်ရန်းတို့ အပါအဝင် ပျူစောထီးရွာ ၁၁  ရွာရှိပါတယ်။ ကျနော်တို့တွေရဲ့ စစ်ဆင်ရေး စတဲ့ ၂၇ ရက်နေ့က ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရန်း၊ ရွှေမြစ်သာ၊ တောကျောင်း ကာကင်းစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီးတော့ အဲဒီနေ့မှာပဲ ဝင်ဝပျူရွာသိမ်းနိုင်ခဲ့တာပါ။ အခုလ ၄  ရက်နေ့ မနက်ပိုင်းလောက်ကျမှ ရွှေမြစ်သာပျူရွာကို ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့ကြတာ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင်လည်း လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းပေးထားပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက် စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ ဆရာငြိမ်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာတာကြောင့် ပြည်သူပိုင်နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ကြရသလို ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Yawland Opreation စစ်ဆင်ရေးမှာပါဝင်တဲ့ တပ်ရင်းတာဝန်ရှိသူတယောက်က “ဂန့်ဂေါခရိုင်ထဲက ပျူရွာတွေက ဘူးလက်လှဆွေ အားထားရတဲ့ရွာတွေဖြစ်ပြီးတော့ မြို့တမြို့၊ တပ်မတခုစာထက် များပြီး၊ ကျယ်ပြန့်တဲ့ စုဖွဲ့ထားမှုနဲ့အတူ ပျူစောထီးအင်အားကလည်း ထောင်ချီပြီးရှိကြပြီးတော့ စကစဘက်က ဂန့်ဂေါမှာ အထိုင်ချတပ်စွဲထားတဲ့ ခလရ ၅၀ နဲ့ အမတ ၃၇၁ တို့ကနေ လက်နက်နဲ့ စားနပ်ရိက္ခာတွေကို အဓိကထောက်ပံ့ပေးနေတာပါ။ ကျနော်တို့ဘက်ကတော့ လက်နက်ခဲယမ်းတွေ ပြည့်စုံလှတယ်တော့ မဟုတ်ပေမဲ့ လက်ရှိအခြေအနေ အရကတော့ တိုက်ပွဲဖြစ်နေတာ မရှိသေးပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတဲ့နေရာတွေကတော့ ရှိနေပါတယ်” လို့ ပြောပါတယ်။ 

စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ဆင်ရေးကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုသွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013